အငိုသန်တဲ့ အသင်းခေါင်းဆောင်နဲ့ ပျော့ညံ့ညံ့ကောင်တွေ လို့ မန်ယူအသင်းသားတွေအား ဝေဖန်ချလိုက်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ ကွင်းထဲမှာ ရလဒ်ကောင်းအောင် ကိုယ်တိုင် ကြိုးစားဖို့ထက် မှော်ဆန်ဆန် ကိစ္စတွေ ဖြစ်လာဖို့ ထိုင်ဆုတောင်းနေကြတဲ့ ပျော့ညံ့ညံ့ စိတ်ဓါတ်ပိုင်ရှင်များ အဖြစ် ဘီဘီစီ သုံးသပ်သူ ခရစ်ဆက်တန်က ဝေဖန်သွားပါတယ်။

ပဲလေစ့် ရှုံးပွဲအပြီးမှာ ခရစ်ဆက်တန်က ” ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေထဲ ဖာနန်ဒက်စ်လည်း ပါ ပါတယ်။ ဘုန်းမောက်ကို ရင်ဆိုင်ရာမှာ လွယ်လွယ်လေးပါလို့ အထင်သေးခဲ့ကြတဲ့ သူတွေက ကောင်းကောင်းကြီး သင်ခန်းစာ ပေးခံခဲ့၇တာပါ။

ရှက်စရာ ရှုံးပွဲကို အိုးထရတ်ဖိုဒ့်ကွင်းမှာ တက်ကြည့်ခဲ့ကြသူတွေထဲ ကျနော်လည်း ပါခဲ့တယ်။ သူတို့ ဘောလုံး ဆုံးရှုံးမှု ၁၆၁ ကြိမ်တောင် ရှိခဲ့တယ်။ အဲ့ထဲက ၂၂ ကြိမ်ကတော့ ဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။

အဝါကဒ် ပြခံလိုက်ရချိန်မှာ သူက အငိုသန်တဲ့ ကလေး တစ်ယောက်လို ပြုမှုနေတယ်။ အဲ့အဝါကတ်က ဒီရာသီ သူရတဲ့ ၅ ကတ် မြောက်ပါပဲ။ အခုတော့ မနှစ်ကရာသီ ၇-၀ နဲ့ ရှုံးခဲ့တဲ့ လီဗာပူးကို သွားရောက် ရင်ဆိုင်ရမယ့် ပွဲကို သူလွဲ တော့မယ်လေ။ အသင်းခေါင်းဆောင်ထံက ရှက်စရာ ပုံစံကြောင့်ပေါ့ဗျာ။

ဖာနန်ဒက်စ်ရဲ့ စိတ်ဓါတ်ပိုင်းက ယူနိုက်တက် အဝတ်လဲခန်းရဲ့ ပြဿနာတွေကို ပြသနေတယ်။ ယူနိုက်တက် ကစားသမား တွေက မှော်ဆန်တဲ့ အခိုက်အတန့် ဖြစ်လာဖို့ မျှော်လင့်နေပေမယ့် တကယ်တမ်း အဲ့လို ဖြစ်လာအောင် လုပ်ရမှာက သူတို့ ကိုယ်တိုင်ပဲ မဟုတ်ဘူးလား ” လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။