လီဗာပူးနဲ့ ပွဲမှာ မန်ယူ ခံစစ်ကနေ ပွဲထွက်ပြီး ကယ်တင်ပေးရမယ့် ကစားသမား ၂ ဦးကို ဖာဒီနန် ဖော်ထုတ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ရီယို ဖာဒီနန်က အသင်းမှာ ဒဏ်ရာပြဿနာထိုးနှက်ချက်တွေ ထပ်မံကြုံတွေ့ခဲ့ရပြီးနောက် လီဗာပူးနဲ့ ပွဲမှာ ရာဖေးလ် ဗာရန်းနဲ့ အာရွန် ဝမ်ဘစ်ဆာကာတို့က ပွဲထွက် ကစားရမယ့်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဘိုင်ယန်မြူးနစ်ကို ရှုံးပြီးနောက် ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရသလို ထိုပွဲမှာ မက်ဂွိုင်းယားနဲ့ ရှောပါ ဒဏ်ရာ ရခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ထိုပွဲ ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ မပါဝင်ဘဲနဲ့ ကစားခဲ့ရတာဖြစ်ပြီး ကာစီမီရို၊ အဲရစ်ဆင်၊ မေဆန် မောင့်တို့ကလည်း ဒဏ်ရာရကစားသမား စာရင်းထဲမှာ ပါဝင်နေကြတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကလည်း နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အခြေအနေက ပိုပြီးဆိုးရွားလာဖို့ပဲ ရှိနေတာဖြစ်ပါတယ်။

ရီယို ဖာဒီနန်က ဗာရန်း နဲ့ ဝမ်-ဘစ်ဆာကာတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကို ကူညီကယ်တင်ပေးဖို့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ပြသရမယ့်သူတွေထဲက အချို့ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကစာသးမားတွေက တာဝန် ဝင်ယူရမယ်။ မက်ဂွိုင်းယားက အသင်းထဲကနေ အကြာကြီး ထွက်ခဲ့ရပြီးနောက် ယုံကြည်မှု ပြန်ရခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ဒဏ်ရာရခဲ့တယ်။ လုခ်ရှောက နောက်ထပ် ဒဏ်ရာရသွားတဲ့ ကစားသမား တစ်ယောက်ဖြစ်ပုံပေါ်ပြီး လူစားလဲခံခဲ့ရတယ်။

ဒဏ်ရာတွေက တစ်ရာသီလုံးမှာ သိသိသာသာ ဆိုးရွားနေခဲ့ပြီး သူတို့တွေ အခုဆိုရင် ဆက်လက်ပြီး ကြံ့ခိုင်မှု တည်ဆောက်ရမယ်။ ဒါပေမယ့် ခင်ဗျားက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ရှိတဲ့အသင်းဆိုတာကို ပြရမယ်။ ခင်ဗျား ငယ်ရွယ်တဲ့ကစားသမားတွေကို ကြည့်ဖို့ နည်းလမ်းရှာရမယ်။

မိန်းနိုးက ဝင်ပြီး မိနစ်အနည်းငယ်ပိုပြီး ကစားကောင်း ကစားရမယ့် ကစားသမားတစ်ဦးဖြစ်နိုင်တယ်။ ကစားသမား တွေက အဲဒီလို နေရာအချို့မှာ ဝင်လာကစားတဲ့အခါမှာ ဝမ်-ဘစ်ဆာကာက ပေါင် ၄၅ သန်းကုန်ကျခဲ့တယ်။ သူက အတွေ့အကြုံမရှိတဲ့ ကလေးမဟုတ်ဘူး။ သူက ဒီနေ့ ကွင်းထဲဝင်လာတဲ့ ပေါင် ၄၅ သန်းတန် ကစားသမားပဲ။

ဗာရန်း ဒီနေ့ ဝင်ကစားခဲ့တယ်။ သူက ချန်ပီယံလိဂ် ၄ ကြိမ်ရခဲ့တဲ့သူ။ ခင်ဗျားက ဒီလို အဆင့်အတန်းမှာ ဘယ်တုန်းကမှ မကစားဖူးတဲ့ ကစားသမားတွေကို ခေါ်ထည့်လာတာမျိုးမဟုတ်ဘူး။ အဆင့်အတန်း ကျဆင်းမှုက အရမ်းကြီးလွန်းနေတယ်။”လို့ ပြောကြားခဲ့ပါတယ်။