မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် မှတ်တမ်း တစ်ခုကို အံ့သြ ရှော့ခ်ရနေတဲ့ ဂန်းနားဟောင်းကြီး အွန်နရီ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ဥရောပ ချန်ပီယံလိဂ် ဖြတ်သန်းမှုဟာ အတော်ကြီး ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။
အဲဒီလို ဆိုးဆိုးရွားရွား အခြေအနေမှာပဲ ပရီးမီးယားလိဂ်ဂိုး မရသေးတဲ့ တိုက်စစ်မှုး ဟော့လန်းက ၅ ဂိုးသွင်းခဲ့တာပါ။

မက်ဂွိုင်းယားဆိုလည်း မန်ယူအတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီး အိုနာနာဆိုလည်း မန်ယူအနိုင်ရစေမယ့် နောက်ဆုံး မိနစ် ပင်နယ်တီ ကာကွယ်ပေးခဲ့တာပါ။

ဒါပေမဲ့ အဲဒါတွေက ချန်ပီယံလိဂ်အိပ်မက်ဆိုးရာသီတစ်ခုအတွက် မကာမိစေပါဘူး။ ခံစစ်ပိုင်းပြိုဆင်းမှုတွေ၊ ဂိုးသမားတွေ အမှားတွေနဲ့ အနီကတ်တွေ အားလုံးပေါင်းစပ်မှုကြောင့် ၁ ပွဲသာနိုင်ခဲ့ပြီး ပြိုင်ပွဲက အောင်ဖျာလိပ်ခဲ့ရတာပါ။

ဒါပေမဲ့လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကနေ မန်ချက်စတာ ယူနိုက်တက် ထွက်ခွာ ခဲ့ရပုံဟာ အံ့သြစရာကောင်းပါတယ်။

ဘာကြောင့်လဲဆို မန်ယူဟာ ပရီးမီးယားလိဂ်မှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ၁၆ ပွဲမှာ ၁၈ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။ ချန်ပီယံလိဂ် မှာတော့ မန်ယူဟာ ၆ ပွဲမှာတင် ၁၂ ဂိုးတောင် သွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်သွ င်းဂိုးအရေအတွက်ဟာ အုပ်စု အေ ဇယား ထိပ်ဆုံးက ဘိုင်ယန်မြူးနစ် အသင်း နဲ့ အတူတူဖြစ်နေတာပါ။

အဲဒါကြောင့်လည်း အာဆင်နယ် တိုက်စစ်မှုးဟောင်းကြီး သီယရီ အွန်နရီက မယုံနိုင် ဖြစ်ရကြောင်းကို အခုလို ဖွင့်ဟလာပါတယ်။

” အုပ်စု အောက်ဆုံးအသင်းက အုပ်စုထိပ်ဆုံး အသင်းနဲ့ ၁၂ ဂိုးစီ သွင်းဂိုးအရေအတွက် တူတယ်ဆိုတာ ချန်ပီယံလိဂ် သမိုင်းမှာ ဒါ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။ အဲဒါက ရှော့ခ်ရစေပါတယ်။ ” လို့ အွန်နရီ က CBS ရုပ်သံ အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းနဲ့ ဘိုင်ယန်မြူးနစ် ကွာသွားတာက ခံစစ်ပိုင်းဖြစ်ပြီး ဘိုင်ယန် က ၆ ဂိုးသာပေးခဲ့ရကာ မန်ယူကတော့ အင်္ဂလိပ် အသင်းတွေထဲမှာ စံချိန်တင်အဖြစ် ၁၅ ဂိုးတောင် ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။