နေမာက နာမည်ကျော် မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းနေတယ် ဆိုလိုက်တဲ့ ကာဖူး
ဘရာဇီးလ် ဂန္တဝင်ကစားသမား ကာဖူးက နေမာ ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးထက် နည်းစနစ်ပိုင်းအရဆိုရင် ပိုမို ကောင်းမွန်တယ်လို့ ခံစားရကြောင်း ပြောလိုက်ပါတယ်။ ကာဖူး က မာကာ နဲ့ အင်တာဗျုးပြုလုပ်ရာမှာ အခုလို ပြောဆိုခဲ့တာပါ။
ကာဖူး က “နေမာ က မက်ဆီ၊ ရော်နယ်ဒို တို့ထက် နည်းစနစ်ပိုင်းမှာ ပိုမိုကောင်းမွန်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင် တစ်ယောက်ရဲ့တာဝန်ကိုတော့ ထမ်းဆောင်ရပါမယ်။ ဘောလုံးအတွက် သူ့တို့ကိုယ်သူတို့ ရာနှုန်းပြည့် မြုပ်နှံထားရမယ်”

“ ကျွန်တော်ဟာ နေမာထက်တော့ မကောင်းပါဘူး။ ဒါပေမယ့် တခြားနောက်ခံလူတွေထက် ကျွန်တော် ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ကိုယ်တိုင် အဲ့ဒီလိုဖြစ်ဖို့ ရင်းနှီးမြုပ်နှံခဲ့ရပါတယ်။နေမာ အနေနဲ့ ခေါင်းဆောင်ကောင်းဖြစ်လာဖို့ လိုပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
မော်ဒန်ဘောလုံးလောကမှာ နေမာ ဟာ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံး ကစားသမားတွေထဲက တဦးဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမားဘဝကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ် ကစားသမား ဟာ မက်ဆီ၊ ရော်နယ်ဒို တို့ ရဲ့အမြင့်ကို မရောက်ရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။
နေမာ ဟာ အသက်(၂၉)နှစ်အရွယ်ရောက်လာပြီဖြစ်တာကြောင့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ အချိန်တွေ အများကြီးမကျန်တော့တာလည်းဖြစ်ပါတယ်။ ဆန်းတို့စ် အသင်းမှာ ပြသတဲ့ ခြေစွမ်းတွေနဲ့ အတူ နေမာ ဟာ ဘာစီလိုနာ အသင်းမှာ ကစားခဲ့တုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ် ခံခဲ့ရတာဖြစ်ပါတယ်။
နေမာ ဟာ (၂၀၁၇) မှာတော့ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။နေမာ ဟာ ပြင်သစ်ကလပ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မက်ဆီ နဲ့ရော်နယ်ဒိုတို့ရဲ့ကြိုးစားမှုတွေကြောင့် ဘရာဇီးလ် ကစားသမားဟာ သူတို့ (၂)ဦးကို ယှဉ်နိုင်ဖို့ အနည်းငယ် ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

ZG
ဘရာဇီးလ္ ဂႏၱ၀င္ကစားသမား ကာဖူးက ေနမာ ဟာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ နွစ္ဦးထက္ နည္းစနစ္ပိုင္းအရဆိုရင္ ပိုမို ေကာင္းမြန္တယ္လို႔ ခံစားရေၾကာင္း ေျပာလိုက္ပါတယ္။ ကာဖူး က မာကာ နဲ႔ အင္တာဗ်ဳးျပဳလုပ္ရာမွာ အခုလို ေျပာဆိုခဲ့တာပါ။
ကာဖူး က “ေနမာ က မက္ဆီ၊ ေရာ္နယ္ဒို တို႔ထက္ နည္းစနစ္ပိုင္းမွာ ပိုမိုေကာင္းမြန္ပါတယ္။ ဒါေပမယ္႔ ေခါင္းေဆာင္ တစ္ေယာက္ရဲ ႔တာ၀န္ကိုုေတာ႔ ထမ္းေဆာင္ရပါမယ္။ ေဘာလံုးအတြက္ သူ႔တို႔ကိုယ္သူတို႔ ရာႏွဳန္းျပည္႔ ျမဳပ္ႏွံထားရမယ္”
“ ကြ်န္ေတာ္ဟာ ေနမာထက္ေတာ႔ မေကာင္းပါဘူး။ ဒါေပမယ္႔ တျခားေနာက္ခံလူေတြထက္ ကြ်န္ေတာ္ ပိုေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ကြ်န္ေတာ္ကိုယ္တိုင္ အဲ့ဒီလိုျဖစ္ဖို႔ ရင္းႏွီးျမဳပ္ႏွံခဲ့ရပါတယ္။ေနမာ အေနနဲ႔ ေခါင္းေဆာင္ေကာင္းျဖစ္လာဖို႔ လိုပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ေမာ္ဒန္ေဘာလံုးေလာကမွာ ေနမာ ဟာ နည္းစနစ္ပိုင္း အကြ်မ္းက်င္ဆံုး ကစားသမားေတြထဲက တဦးျဖစ္ၿပီး ေကာင္းမြန္တဲ႔ ကစားသမားဘ၀ကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဒါေပမယ္႔ ဘရာဇီးလ္ ကစားသမား ဟာ မက္ဆီ၊ ေရာ္နယ္ဒို တို႔ ရဲ ႔အျမင္႔ကို မေရာက္ရွိေသးဘူးလို႔ ကြ်မ္းက်င္သူေတြက သံုးသပ္ထားၾကတာပါ။
ေနမာ ဟာ အသက္(၂၉)နွစ္အရြယ္ေရာက္လာၿပီျဖစ္တာေၾကာင္႔ ေဘာလြန္းဒီေအာဆုကို ရယူႏိုင္ဖို႔ အခ်ိန္ေတြ အမ်ားၾကီးမက်န္ေတာ႔တာလည္းျဖစ္ပါတယ္။ ဆန္းတို႔စ္ အသင္းမွာ ျပသတဲ႔ ေျခစြမ္းေတြနဲ႔ အတူ ေနမာ ဟာ ဘာစီလိုနာ အသင္းမွာ ကစားခဲ့တုန္းက ကမာၻ႔အေကာင္းဆံုး ကစားသမားေတြထဲက တဦးအျဖစ္ သတ္မွတ္ ခံခဲ့ရတာျဖစ္ပါတယ္။
ေနမာ ဟာ (၂၀၁၇) မွာေတာ႔ ဘာစီလိုနာ အသင္းကေန ပီအက္စ္ဂ်ီ အသင္းကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ ႔ေၾကးနဲ႔ ေျပာင္းေရႊ ႔သြားခဲ့တာျဖစ္ပါတယ္။ေနမာ ဟာ ျပင္သစ္ကလပ္မွာလည္း ေျခစြမ္းျပႏိုင္ခဲ့ေပမယ္႔ မက္ဆီ နဲ ႔ေရာ္နယ္ဒိုတို႔ရဲ ႔ၾကိဳးစားမွုေတြေၾကာင္႔ ဘရာဇီးလ္ ကစားသမားဟာ သူတို႔ (၂)ဦးကို ယွဥ္ႏိုင္ဖို႔ အနည္းငယ္ ခက္ခဲေနတာလည္း ျဖစ္ပါတယ္။