မန်ယူ နည်းပြသစ် အလားအလာများ၊ ဟန်ဒါဆန်အတွက် အငှားနဲ့ ယနေ့ညပိုင်း မန်ယူ သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာတော့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို ၁၈ လကြာ အငှားထွက်ကစားခွင့် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုရှောခ်ဟာ အင်္ဂလန်နဲ့ ပူးပေါင်းစဉ် ဒဏ်ရာပြဿနာကို ကြုံတွေ့ခဲ့ရပြီး တနင်္လာနေ့မှာ ကစားမဲ့ ဆန်မာရီနိုနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ လုရှောခ်အနေနဲ့ လာမဲ့တစ်ပတ်မှာယှဉ်ပြိုင်မဲ့ မန်ယူ အသင်းပွဲစဉ်ကိုပါ လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

နောက်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် မန်ယူအသင်းက ကလပ်အဆင့်ကို ပိုမို အာရုံစိုက်ရေးနဲ့ ကြံ့ခိုင်မှုပိုင်း ထိန်းသိမ်းရေး အတွက် ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီအသင်းကနေ နုတ်ထွက်စေချင်နေပါတယ်။

မန်ယူ လက်ထောက်နည်းပြ ကာရစ်အနေနဲ့ ရိန်းဂျားစ်နည်းပြဖြစ်လာဖို့ ရေပန်းစားလျက် ရှိနေကြောင်းသိရပါတယ်။ အသက် ၄၀ နှစ် အရွယ် မန်ယူကစားသမားဟောင်းဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ၂၀၁၈ တည်းက မန်ယူမှာ နည်းပြ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တာပါ။

ဂလေဇာ မိသားစုဟာ ဆိုးရှားကို ထုတ်ပယ်ပြီးရင် အစားထိုး ခန့်အပ်မယ့် နည်းပြလောင်း စာရင်းကို ချုံ့လိုက်ပြီ ဖြစ်ပြီး ပိုချက်တီနိုနဲ့ ဘရန်ဒန် ရော်ဂျာကိုသာ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

လက်စတာမန်နေဂျာ ဘရန်ဒန် ရော်ဂျာဟာ ချက်ရှိုင်းယားမှာ နေစရာ အိမ်ရှာဖွေနေပြီးတော့ မန်ချက်စတာယူနိုက်တက် အလုပ်နဲ့ ပိုနီးစပ်စေမယ့် ခြေတစ်လှမ်း တိုးလာခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာလိုကြောင်း တယ်လီဂရပ်က ဖော်ပြထားပါတယ်။ ပိုချက်တီနိုရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ မန်ယူနည်းပြဆိုးလ်ရှားရဲ့နေရာ အစားထိုးဝင်ရောက်နိုင်ဖွယ် ရှိနေတာပါ။

ဂျက်ဆီလင်ဂတ်ဟာ ဇန်နဝါရီမှာ ပေါင် ၁၀ သန်းနဲ့ ကလပ်ကနေ ထွက်ခွာနိုင်ဖွယ်ရှိပြီး ဒါဟာ နွေရာသီတုန်းက သူ့ရဲ့တန်ကြေး ပေါင် ၁၈ သန်းရဲ့ တစ်ဝက်လောက်ကို ပိုနည်းနေခဲ့တာပါ။

မန်ယူမှာ ပွဲကစားခွင့် မရသလောက် ဖြစ်နေတဲ့ ဒွန်နီ ဗန်ဒီဘိခ်ဟာ အသင်းမှာ လုံးဝ ပရော်ဖက်ရှင်နယ် ဆန်ဆန် ပြုမူနေပြီး ထရိန်နင်မှာလည်း မခိုမကပ် အမြဲ ကြိုးစားပေမယ့် အခြေအနေ ထူးခြားမှုသာ မရှိရင် ဇန်နဝါရီမှာ အသင်းပြောင်းမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။

ချယ်ဆီးနဲ့ မန်ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ပြင်သစ်သား ခံစစ်မှူး ကွန်ဒီဟာ ဆီဗီလာမှာ ပျော်ရွှင်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ စပိန်ကလပ်ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။