ဝိုင်းဝိုင်းလည်နေတဲ့ ဂရင်းဝုဒ်၊ ဈေးကွက်ဖွင့်တာနဲ့ ထွက်သွားသူ၊ တိုဒီဘို ကို လုမယ့် ကလပ်များနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

ဇန်နဝါရီ ဈေးကွက် စတင် ဖွင့်ဖွင့်ချင်းမှာပဲ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဖရန့်ဖတ် အသင်းထံ အငှားနဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဖရန့်ဖတ်က အငှားကြေး အနည်းငယ်နဲ့ အတူ ဗန်ဒီဘိခ် လစာရဲ့ ပမာဏ အများစု ကိုလည်း ပေးချေမယ် လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဝါရင့် နောက်ခံလူ လင်ဒီလော့ဖ်ရဲ့ လက်ရှိ စာချုပ်မှ တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ် စာချုပ်နဲ့ ပြန်ခေါ်ထားတဲ့ ဂျွန်နီ အီဗန်စ် ကိုလည်း ကာလတို ထပ်မံ သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်ရဲ့ ဇန်နဝါရီ ခံစစ် အဓိက ပစ်မှတ် ဖြစ်တဲ့ နိုက်စ် နောက်ခံလူ တိုဒီဘို ကို စပါးအသင်း အပြင် ချယ်ဆီး အသင်းကလည်း ဝင်ရောက် ပစ်မှတ်ထားလာပါတယ်။

လာလီဂါကလပ် ဂီတာဖေးမှာ အငှား ကစားရင်း အစွမ်းပြနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး မေဆန် ဂရင်းဝုဒ်ကို ဂီတာဖေးက အပြီး ခေါ်ယူချင်နေတဲ့ အပြင် ဘာစီလိုနာကလည်း ပစ်မှတ်ထားနေတာပါ။ အခု နောက်ဆုံး update တွေမှာတော့ အက်သလက်တီကို မက်ဒရစ်ကပါ ဂရင်းဝုဒ်ကို ခေါ်ယူလိုနေပြီ လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ခံလူ ဝမ် ဘစ်ဆာကာနဲ့ လူငယ် ကစားသမား ဟန်နီဘယ်လ် မာ့ချ်ဘရီ တို့ကိုလည်း ဇန်နဝါရီမှာ ထွက်ခွာခွင့် မပေးဘဲ ဆက်လက် ထိန်းထားဦးမယ် လို့ သိရပါတယ်။

မာ့ချ် ဘရီ ကို ဆီဗီလာ၊ လိုင်ယွန်နဲ့ Freiburg အသင်းတို့က အငှားနဲ့ ခေါ်ယူလိုနေပါတယ်။

မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဝိန်း ရွန်းနီဟာ ဒီနေ့မှာပဲ ဘာမင်ဂန်စီးတီး နည်းပြ ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပါတယ်။