စတားလင်း ခေါ်ဖို့ တိုက်တွန်းခြင်း၊ ချီးကျူးခံရတဲ့ နောက်တန်းနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ်အနေနဲ့ အေဂျက်ဇ် ဂိုးသမား အိုနာနာကိုလည်း စောင့်ကြည့်လျက် ရှိနေသေးကြောင်း Gazetta dello Sport က ဖော်ပြထားပါတယ်။ လီနိုသာ ထွက်ခွာသွားခဲ့ရင် အာဆင်နယ်အနေနဲ့ ရမ်ဒေးလ်နဲ့ အပြိုင်ဖြစ်ဖို့အတွက် ်ဂိုးသမားသစ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်လူငယ်တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူနိုင်ဖို့အတွက် လိဂ်ချန်ပီယံရှစ်အသင်းတွေဖြစ်ကြတဲ့ မစ်ဒယ်ဘရော့နဲ့ ရှက်ဖီးလ်တို့က အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ ဘာလိုဂန်ဟာ ဒီရာသီမှာလည်းအခွင့််အရေး ရရှိခြင်း မရှိဘဲ ဇန်နဝါရီမှာ အငှားနဲ့ ပြောင်းကစားလိုနေတာပါ။
အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

စပါးအသင်းကို နည်းပြကွန်တီရောက်ရှိလာပြီးနောက် အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။
အီယန်ရိုက်က အာဆင်နယ် နောက်တန်းကို ချီးကျူးခဲ့ပြီး ရလဒ် အလှည့်အပြောင်းဖြစ်စေဖို့အတွက် အာဆင်နယ် နောက်တန်းက အဓိက ကျခဲ့ကြောင်း၊ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တို့ရဲ့နောက်တန်းဟာ အလွန် ကျစ်လျစ်လွန်းသလို ဂိုးသမား ရမ်ဒေးလ်ကလည်း ကောင်းမွန်ကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင်ဟောင်း ဝင်တာဘန်းကတော့ လက်ရှိမှာ အာဆင်နယ်အနေနဲ့ အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြထားပေမဲ့အဆင့်လေးအတွင်း ဝင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း၊ အာဆင်နယ်ရဲ့လူစာရင်းဟာတောင့်တင်းခြင်း မရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ် အပြီးမှာ လီဗာပူးနဲ့ ပွဲအမှီ အာဆင်နယ် ဘက်မှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ တီယာနေးနဲ့ ပါတေးတို့ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး လီဗာပူး ကတော့ မာနေး၊ ဖာမီနိုနဲ့ ဟန်ဒါဆန်တို့ လွဲချော်ဖွယ် ရှိနေပါတယ် ။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဘရုဂျက် ကြယ်ပွင့် ကစားသမား နိုအာလန်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာပြီး ဥရောပထိပ်သီးအသင်းကို ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ ဒါပေမဲ့ဘရုဂျက်ကတော့ ဒီရာသီကုန်အထိ ဆက်ထိန်းသွားဖို့ ကြိုးပမ်းမှာပါ။