ရက်ဖ်ကလစ် လက်ထက် ပထမဆုံး ခေါ်ယူမှု ဖြစ်လာဖွယ် ရှိနေတဲ့ မန်ယူအသင်းရဲ့ ယခင်ပစ်မှတ်ဟောင်း တိုက်စစ်သမား

လက်ရှိ ရာသီဝက် အသင်းတိုက်စစ်ပိုင်းကို မြင့်တင်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပဲလေ့စ်တောင်ပံ တိုက်စစ် ကစားသမား အိုလီဆစ်ကို အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်နေကြောင်း သတင်းထွက်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပူးတွဲ ပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်လက်ထက် ပထမဆုံး ခေါ်ယူမှုအဖြစ် မိုက်ကယ် အိုလီဆေးကို ကမ်းလှမ်းမှု ပြုလုပ်လာဖွယ် ရှိနေတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

အိုလီဆီဟာ ပြီးခဲ့တဲ့ နွေကတည်းက မန်ယူအသင်းပစ်မှတ်အဖြစ် သက်မှတ်ခြင်း ခံထားရသူ တစ်ယောက်ဖြစ်ပြီး ယခုဆောင်းရာသီ ဈေးကွက်အတွင်းမှာတော့ မန်ယူအသင်းရဲ့ နောက်ထပ် တစ်ကြိမ် ထပ်မံချိတ်ဆက်ခြင်း ခံနေရ ပါတယ်။

အိုလီဆေးကို ပြီးခဲ့တဲ့ နွေတုန်းကတော့ ချယ်ဆီးအသင်းက ခေါ်ယူဖို့ အလွန် နီးစပ်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့ပြီးမှ ရုတ်တရက် ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး ပဲလေ့စ်နဲ့သာ (၄)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီလို သက်တမ်းတိုးထားတာတောင်မှ အိုလီဆေးကို လီဗာပူးလ် နဲ့ မန်ယူနိုက်တက်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး ပဲလေ့စ်ဘက်ကတော့ သူတို့ကစားသမားရဲ့ စာချုပ်သစ် ချုပ်ဆိုထားမှုမှာတော့ စာချုပ် လျော်ကြေးကို ပေါင် သန်း(၆၀)လောက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒီလို တန်ကြေးမျိုးနဲ့ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အခု ဆောင်းဈေးကွက်မှာပဲ အိုလီဆေးကို ခေါ်ယူဆိုတာ မဖြစ်နိုင်သေးပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှသာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် မူလာ ဝါနာ နဲ့ ချုပိုမိုတင်းတို့လို ဘွန်ဒက်စ်လီဂါက တိုက်စစ် ကစားသမားတွေကို ချိန်ရွယ်လျက် ရှိနေပြီး ဒီထဲကမှ ဂျာမနီ တိုက်စစ်မှူး တီမို ဝါနာက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ နီးစပ်နေရပါတယ်။