မန်ယူ ရှာဖွေတွေ့ရှိ ချိန်ရွယ်ထားတဲ့ အသက် ၂ဝ၊ အရပ် ၆ ပေ ၄၊ အီတလီ လက်ရွေးစင် ခံစစ်မှုး ရှယ်ပစ်မှတ်လေး
မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားလာတဲ့ တက်သစ်စ ကြယ်ပွင့် နောက်ခံလူ စကယ်လ်ဗီနီ ကို အတ္တလန္တာ အသင်းကတော့ ဈေးနှုန်းတစ်ရပ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် နောက်ခံလူဟာ စီးရီးအေကလပ်တွင် လျင်မြန်စွာ တိုးတက်လာပြီးနောက် အီတလီ လက်ရွေးစင် အသင်း အတွက် ၇ ပွဲကစားထားပြီး ဖြစ်ပါတယ်။

အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဗဟိုခံစစ်ကစားသမားဟာ အသက် ၁၇ နှစ်အရွယ်တွင် ကလပ်အတွက် ပွဲဦးထွက် ကစားခဲ့ပြီး အီတလီကလပ်အတွက် ၇၃ ပွဲ ကစားပေးထားတာဖြစ်ပါတယ်။
စကယ်လ်ဗီနီရဲ့ တိုးတက်မှုကို အီတလီတွင် သတိမပြုမိခြင်းမရှိသော်လည်း ဂျူဗင်တပ်စ်နှင့် အေစီမီလန်တို့ဟာ နောက်ခံကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ ယခုအခါ မန်ချက်စတာ ယူနိုက်တက်ကလည်း စကယ်လ်ဗီနီ ကို ချိန်ရွယ်တဲ့ အသင်း ဖြစ်လာပါတယ်။
ယူနိုက်တက် ဘက်မှာ ဗာရန်းက ရာသီကုန်မှာအသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး မက်ဂွဲရား ရဲ့ အနာဂတ်ကလည်း မသေချာပါဘူး။ ဒါကြောင့် ယူနိုက်တက်ဟာ အသက်ငယ်ရွယ်တဲ့ ဗဟိုခံစစ်ကစားသမားတစ်ဦးကို ရှာဖွေခဲ့ပြီး သရဲနီတွေဟာ စကယ်လ်ဗီနီအတွက် အပြိုင်အဆိုင်ဝင်ရောက်ရန် အသင့်ဖြစ်နေပြီလို့ အီတလီ သတင်းဌာနတွေက ဆိုပါတယ်။
သို့သော်လည်း သူ့ကိုခေါ်ယူဖို့ ဈေးသက်သက်သာသာဖြင့် ရရှိလိမ့်မှာမဟုတ်သလို အတ္တလန္တာကလည်း ပေါင် သန်း ၅ဝ ဝန်းကျင်လောက်နဲ့မှသာ လက်ခံဆွေးနွေးဖွယ် ရှိပါတယ်။
ဂျူဗင်တပ်စ်နှင့် အေစီမီလန် တို့ က လက်တွန့်နိုင်ပေမယ့် ယူနိုက်တက်ကတော့ အသင်းရဲ့ခံစစ်ကို အားဖြည့်ဖို့ လိုအပ်နေတာကြောင့် ကြိုးစားလာနိုင်ပါတယ်။