ဆုဖလား အခွင့်အရေးကောင်း၊ ပြိုင်ပွဲကောင်း ဖြစ်တဲ့ အက်ဖ်အေဖလား ယူကြမယ် လို့ မန်ယူ ကွင်းလယ် အဲရစ်ဆင် လှုံ့ဆော်

အင်္ဂလန် ပြည်တွင်း ရှုံးထွက်ဖလားပွဲ တစ်ခု ဖြစ်တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲကို ပိုမို အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားကြဖို့နဲ့ အက်ဖ်အေ ဖလားကို အရယူဖို့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်က အသင်းဖော်တွေ အား တိုက်တွန်းလိုက်ပါတယ်။

ဒီတစ်ပတ်မှာ ယူနိုက်တက်က ဝီဂန်အသင်းနဲ့ အက်ဖ်အေ ဖလား တတိယအဆင့်ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲ ကိုလည်း အာရုံစိုက်သွားဖို့ အသင်းဖော်တွေကို အဲရစ်ဆင်က တိုက်တွန်းလာတာပါ။

“ဒီပြိုင်ပွဲက ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံး ပြိုင်ပွဲတစ်ခုလို့ ဟို့နေ့ကပဲ ကျွန်တော် ကြားခဲ့ပါသေးတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော် အင်္ဂလန်မှာ ရှိနေတာကလည်း ကြာပါပြီ။ အက်ဖ်အေ ဖလား ဆိုတာကလည်း ကလပ်အသင်းတိုင်းရဲ့ ကစားသမားတွေ ပရိသတ်တွေအတွက် အမြဲတမ်း ထူးခြားနေတဲ့ အရာပါ။”

“နှစ်တစ်နှစ်ရဲ့အစမှာ ကျွန်တော်တို့တွေ ပြိုင်ဘက်အသင်းကို အနိုင်ယူပြီး နောက်အဆင့် တစ်ဆင့်ဆီ တက်လှမ်းနိုင် ခဲ့မယ်ဆိုရင် ဒါဟာ အရမ်းကောင်းမွန်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်သစ်မှာ ကျွန်တော်တို့တွေက ပွဲကစားဖို့လည်း အနည်းငယ်လေးသာ ရှိနေတော့အတွက်”

“ဒါက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့တွေ ပိုပြီး အကောင်းဆုံး ယှဉ်ပြိုင်ရဖို့ အခွင့်အရေး ဖြစ်သွားသလို အက်ဖ်အေ ဖလား အတွက်ကိုလည်း ကျွန်တော်တို့ အာရုံစိုက်သွားရပါမယ်။” လို့ ပြောဆိုသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ အဲရစ်ဆင်က ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်နေပြီဖြစ်လို့ ယူနိုက်တက်အတွက် ပါဝင်နိုင်ပြီ ဖြစ်သလို အခု ဝီဂန်နဲ့ပွဲမှာလည်း ပါဝင်သွားရနိုင်ပါတယ်။