ရော်နယ်ဒိုကို နိုင်လို့ ဆုကြေးကြီး ရမယ့် ဆားဘီးယား၊ ဇီဒန်းနဲ့ ဗာရိန်း စတဲ့ မန်ယူ သတင်းတိုများ
မန်ချက်စတာယူနိုက်တက်အနေနဲ့ လင်ဂတ်ကို လာမယ့် ဇန်နဝါရီမှာ ပေါင် ၁၀ သန်း ရရှိရင်ပဲ ရောင်းထုတ် သွားတော့မှာပါ။ လင်ဂတ်အနေနဲ့ မန်ယူကိုပြန်လာပြီးနောက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။
မန်ယူနောက်ခံလူ ဗာရာနီကတော့ ရီးရဲမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ဇီဒန်းနဲ့ ပြန်လည် လက်တွဲ လိုလျက်ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။
မန်ယူနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ အေဂျက်ဇ် နည်းပြ တန်ဟတ်က လက်ရှိမှာ အေဂျက်ဇ် အတွက်သာ အာရုံစိုက်ထားကြောင်း၊ အေဂျက်ဇ်မှာ ပျော်ရွှင်နေပြီး ဘုတ်အဖွဲ့နဲ့လည်းဆက်ဆံရေးက အလွန် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေကြောင်း ဆိုခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ တွမ်မီနေးအနေနဲ့ ဒဏ်ရာကြောင့် စကော့တလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ တွမ်မီနေးဟာ ဖျားနာမှုဝေဒနာ ခံစားခဲ့ရပြီး အပြည့်အ၀ သက်သာခြင်းမရှိသေးတာ ဖြစ်ပါတယ်။
မန်ယူကစားသမားဟောင်း နာနီက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် အနေနဲ့ စပို့တင်းကနေ မန်ယူကို ပြောင်းရွှေ့ နိုင်အောင် မိမိအနေနဲ့ စည်းရုံးခဲ့ကြောင်း၊ အင်္ဂလန်ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ရင် မန်ယူကိုရွေးတာက အကောင်းဆုံး ဖြစ်မယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ နေရာမရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် အနေနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ုဖို့ ရေပန်း အစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အနေနဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူသင့်ကြောင်း ကီဗင်ကမ်းဘဲလ်က တိုက်တွန်းလိုက်ပြီး ဗန်ဒီဘိခ်ဟာ ကွင်းလယ်နေရာစုံမှာ ကစားနိုင်ပြီး ပွဲကစားခွင့်သာရရင် အကောင်းဆုံးခြေစွမ်းကို တွေ့မြင်ရမယ်လို့ ၎င်းက ဆိုပါတယ်။
ဂျူဗင်တပ်ကတော့ သူတို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်မယ် မထင်တော့ပါဘူး လို့ ဂျူဗင်တပ် တာဝန်ရှိသူတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီ အသင်းကို အနိုင်ကစားသွားတဲ့ ဆားဘီးယား အသင်းဟာ ဆုကြေးငွေ ယူရို ၁ သန်း ရရှိမယ်လို့ သိရပါတယ်။ ပေါ်တူဂီ က သရေကျရင်ကို ခြေစစ်ပွဲ အောင်မှာ ဖြစ်ပေမယ့် ၂-၁ နဲ့ ရှုံးသွားခဲ့တာပါ။

ချဲလ်ဆီး ကစားသမားဟောင်းကြိး ကက်ကာရီနိုက လက်စတာနည်းပြ ရော်ဂျာဟာ မန်ယူအသင်းကို ကိုင်တွယ်ဖို့ ထိုက်တန်မှု ရှိသူဖြစ်ကြောင်း၊ ရော်ဂျာရဲ့ ကစားပုံပိုင်းဟာ ဆွဲဆောင်မှုရှိကြောင်း၊လီဗာပူးကလည်း ရော်ဂျာ လက်အောက်မှာ အံ့ဖွယ် ပုံစံမျိုးကို ပြခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။