မန်ယူ ရှယ်ယာရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ် ကိုယ်တိုင် အိုးထရက်ဖို့ဒ်မှာ လာကြည့်မယ့် ပထမဆုံးပွဲ တန်ဟက် မျက်နှာပန်း လှမလား
ဗြိတိန် သူဌေးကြီး ဆာ ဂျင် ရက်ကလစ်ဖ် ဟာ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် ပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့တွင် စပါးစ်ကို ဧည့်ခံကစားရမဲ့ပွဲစဉ်ကို လာရောက် ကြည့်ရှု အားပေးသွားပါမယ်။
ခရစ္စမတ်ကာလအတွင်းတွင် ဆာ ဂျင် ရက်ကလစ်ဖ် ဟာ ယူနိုက်တက်ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Ineos ရဲ့အားကစားဒါရိုက်တာဆာဒေးဗစ်ဘရဲလ်ဖို့ဒ်မှာ ယင်းကာလနောက်ပိုင်းတွင် ယူနိုက်တက်ရဲ့ ပွဲ ၃ ပွဲလုံးကို လာကြည့်ထားပါတယ်။
Ineos ရဲ့ အမှုဆောင်ချုပ် ဂျိမ်းစ်ကလောက်ဘလင့်မှာ ဝီဂန်ကို အနိုင်ရတဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို လာကြည့်ခဲ့ပြီး ဖြစ်ပါတယ်။
ဆာဒေးဗစ်ဘရဲလ်ဖို့ဒ်နှင့် ဘလင့်တို့မှာ ယူနိုက်တက်ရဲ့ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်များ ချရာမှာ ပါဝင်လာပါမယ်။
ဆာ ဂျင် ရက်ကလစ်ဖ် ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်လာပြီး နည်းပြအဲရစ်တန်ဟက်၊ ကစားသမားများ၊ ဝန်ထမ်းများနှင့် အချိန်အတန်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။