ကင်မရွန်းထက် မန်ချက်စတာ ယူနိုက်တက်ကို ဦးစားပေးလိုက်ပြီး အိုနာနာ မန်ယူနဲ့ တစ်ပွဲမှ မလွဲတာလည်း ဖြစ်လာနိုင်
နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာဟာ နိုင်ငံအသင်း ကင်မရွန်းထက် ကလပ်အသင်းမန်ယူကိုသာ ပိုဦးစားပေးလိုက်ကြောင်း သိရပါတယ်။
ဂိုးသမား အိုနာနာဟာ ကင်မရွန်းစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့ကစားမယ့် စပါးနဲ့ပွဲမှာ မန်ယူအတွက် ဖမ်းပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် နိုင်ငံအသင်းကို နောက်ကျမှသာ သွားရောက် ပူးပေါင်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

တကယ်လို့ သူသာ စပါးနဲ့ပွဲမှာ မန်ယူအတွက် ကစားပေးမယ်ဆို ကင်မရွန်းရဲ့ အာဖရိကဖလား အုပ်စုအဖွင့်ပွဲကို သေချာပေါက် လွဲမှာပါ။
ဘာကြောင့်လည်းဆို ကင်မရွန်းက စပါးပွဲအပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၁၅ မှာ ဂူနီယာနဲ့ အုပ်စုအဖွင့် ကန်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အိုနာနာဟာ မန်ယူအတွက် တစ်ပွဲမှ မလွဲနိုင်တဲ့အခြေအနေလည်း ရှိလာနိုင်တာပါ။
အကြောင်းကတော့ စပါးနဲ့ကန်ပြီးရင် မန်ယူကန်ရမယ့်နောက်တစ်ပွဲက ဇန်နဝါရီ ၂၇ မှ ဖြစ်ပါတယ်။ တကယ်လို့ ကင်မရွန်းသာ အုပ်စုက ပြုတ်မယ်ဆိုရင် အိုနာနာဟာ မန်ယူနဲ့ အမြန်ဆုံး ပြန်ပူးပေါင်းနိုင်မှာပါ။
လက်ရှိမှာလည်း အိုနာနာရဲ့အဓိက ဦးစားပေးက ကင်မရွန်းထက် မန်ယူအသင်း ဖြစ်နေပါတယ်။ ကစားသမားအများစုက ကလပ် ထက် နိုင်ငံအတွက် ပိုကစားပေးချင်ကြတာဖြစ်လို့ အိုနာနာရဲ့ လက်ရှိ အခြေအနေဟာ ကင်မရွန်း ပရိသတ်တွေ အတွက်တော့ ဝေဖန်စရာဖြစ်နေမှာပါ။