စီးတီး၊ ယူနိုက်တက်၊ ဂျူဗီ၊ အင်တာတို့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ လှုပ်ရှားမှုများ

ဂျူဗင်တပ်အသင်းသည် ပီဂျာနစ်ကို ဘာစီလိုနာမှ ပြန်လည်ခေါ်ယူရန် နီးစပ်နေပြီဖြစ်သည်။ ထို့အပြင် မက်ကန်နီအတွက် ကမ်းလှမ်းမှုများ ကိုလည်း ဂျူဗင်တပ် က စဉ်းစားရန်ရှိကြောင်း သတင်းများက ဖော်ပြသည်။

ဟယ်ရီကိန်းကို ခေါ်ယူရေး မအောင်မမြင်ဖြစ်နေသော မန်စီးတီးအသင်းသည် ဖီယိုရင်တီနာအသင်း ရှေ့တန်းတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရေး ကြိုးပမ်းလာဖွယ်ရှိသည်။ အက်သလက်တီကိုမက်ဒရစ်နှင့် စပါးတို့ကလည်း ဗလာဟိုဗစ်ကိုခေါ်ရန် စိတ်ဝင်စားနေသည်။

အင်တာမီလန်အသင်းက ဇာပါတာကို နံပါတ်တစ် ပစ်မှတ်အဖြစ်ထား၍ ခေါ်ယူရန် ကြိုးစားနေသည်။ လူကာကူ ထွက်ခွာသွားပြီးနောက် ဇက်ကိုနှင့် ဒမ်ဖရီးစ်တို့ကို ခေါ်ယူထားသော်လည်း စီးရီးအေချန်ပီယံအသင်းသည် အတ်တလန်တာတိုက်စစ်မှူးကိုလည်း စိတ်ဝင်စားနေသည်။

အင်တာမီလန်သည် မိုချန်ဂလာဘတ်ချ်မှ သူရမ်၊ လာဇီယိုမှ ကော်ရေး၊ တိုရီနိုမှ ဘီလော့တီနှင့် ဝုဖ်ဘတ်မှ ဝဂ်ဟော့စ်တို့ကိုလည်း ခေါ်ယူရန် စဉ်းစားနေသည်။

လိုက်ပဇစ်အသင်း တိုက်စစ်မှူး ဆာဘစ်ဇာသည် ဘွန်ဒက်စလီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း ဘိုင်းသတင်းစာက ဖော်ပြသည်။

မန်ယူနိုက်တက် အသင်းသည် ကွင်းလယ်ခံစစ်ကို အားဖြည့်ရန်အတွက် မိုနာကိုအသင်းမှ ချူမန်နီကို ပစ်မှတ်ထားနေသည်။ ထို့အပြင် ရိန်းနက်စ်အသင်းမှ ကာမာဗင်ဂါကိုလည်း စဉ်းစားနေပြီး၊ ပီအက်စ်ဂျီနှင့် ရီးရဲမက်ဒရစ်ကလည်း ကာမာဗင်ဂါကို ခေါ်ယူလိုသည်။