ဘရော့ဘီ၊ ဇီရစ်ဇီး၊ ထရိန်နင် ပြန်ဆင်းနေတဲ့ သရဲနီများ၊ ဆန်ချို ကိစ္စ ခပ်ပြတ်ပြတ်ဖြေတဲ့ တန်ဟက်နဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ တန်ဟတ် ကတော့ ဆန်ချိုရဲ့အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း ခဲ့ရာ တိုတိုပြတ်ပြတ် ပြောဆိုသွားခဲ့ပြီး ဆန်ချိုကိုတော့ အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
နည်းပြ တန်ဟက်ဟာ နောက်ထပ် အေဂျက်စ်က တပည့်ဟောင်း တစ်ဦး ဖြစ်တဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှုး ဘရိုင်ယန် ဘရော့ဘီ ကို ခေါ်ယူဖို့ ရည်ရွယ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက် ချိတ်ဆက်နေတဲ့ ပေါင် သန်း ၅ဝ တန် ဘိုလော့ညာ တိုက်စစ်မှူး ဂျိုရှုဝါ ဇီရစ်ဇီး ကို ပစ်မှတ်ထားလာပါတယ်။
မန်ယူအသင်း နောက်ခံကစားသမားလေး ဖာနန်ဒက်ဇ် တစ်ယောက် ရာသီကုန်အထိ ဂရန်နာဒါအသင်းထံ အငှားထွက် ကစားဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။
ဒီတပတ် စပါးနဲ့ပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက် ထရိန်နင်မှာ မာတီနက်ဇ်၊ ကာဆီမီရို တို့ ပြန် ပါဝင်နေပြီ ဖြစ်လို့ အင်အားတောင့်နေပါတယ်။
လက်ရှိ အချိန်အထိ အသင်းသစ် ရှာမတွေ့သေးတဲ့ သရဲနီဟောင်း လင်ဂတ် ကတော့ ၎င်းရဲ့ အေးဂျင့်တွေကို ရာထူးမှ ဖြုတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
စပါးနည်းပြ ပိုစတီကိုဂလူကတော့ သူ့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေသေးတယ် လို့ မန်ယူနဲ့ ပွဲကြိုမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်းမှာ အန်တိုနီ ရုန်းကန်နေရတာက ပြင်ပ ပြသနာ ဖိအားတွေကြောင့် ဖြစ်တယ်လို့ နည်းပြ တန်ဟက်က ဆိုလိုက်ပြီး ထိုကိစ္စတွေ အမြန်ဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။