ဆန်ချို မကောင်းလို့ နေရာ မပေးနိုင်ဘူး လုပ်ခဲ့တဲ့ တန်ဟက် အား ရည်ရွယ် တည့် ဖဲ့လိုက်တဲ့ ဒေါ့မွန် အကြီးအကဲ
အင်္ဂလန်သား တိုက်စစ်မှူး ဆန်ချိုဟာ စည်းကမ်းပိုင်း အားနည်းတယ်ဆိုတဲ့ ပြောစကားကို ဘယ်သူက စပြောလိုက်တာလဲလို့ ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ် ဂျိုအာချင် ဝက်ဇ်ကီက ပြောဆိုလိုက်ပါတယ်။
စနေနေ့ညက ဒမ်းစတက်ကို အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲမှာ ဆန်ချိုဟာ အရန်ခုံကနေ ထလာပြီးတဲ့နောက် မိနစ်ပိုင်း အတွင်းမှာပဲ အသင်းခေါင်းဆောင် မာကိုရူးစ် ဂိုးသွင်းနိုင်ဖို့အတွက် သွင်းဂိုးတစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ မန်ယူမှာ ရှိ နေတုန်းက နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက ကစားခွင့် မရခဲ့တာပါ။
ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ခိုင်းတဲ့အတိုင်း မလုပ်နိုင်ခဲ့တာကြောင့် လူစာရင်းမှာ ထည့်မရွေးခဲ့တာလို့ နယ်သာလန်သားနည်းပြက ပြောခဲ့တဲ့ စကားအပေါ် ဆန်ချိုက လူမှုကွန်ရက်မှာ လူသိရှင်ကြား ပြန်ပြီး ဝေဖန်ခဲ့ရာက နေ အကွဲအပြဲတွေ ဖြစ်ပြီး ဒေါ့မွန်အသင်းဆီ ပြန်ရောက်တဲ့အထိ ကိစ္စ ကြီးသွားခဲ့တာပါ။
ဒါပေမဲ့ အသင်းဟောင်းကို ပြန်ရောက်လာပြီးတဲ့နောက် လေ့ကျင့်ရေးကွင်းမှာ မြင်နေ ရတဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး ဝက်ဇ်ကီက အကောင်းမြင်နေပြီး အဲရစ်တန်ဟတ်ကို ရည်ရွယ် တဲ့ စကားတွေနဲ့ ပြန်ပြီး ချေပ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
” ဂျေဒန်ဆန်ချိုမှာ စည်းကမ်းပိုင်း အားနည်းတဲ့ ပြဿနာ လုံး၀ မရှိပါဘူး။ ဒီပုံပြင်တွေကို ဘယ်သူက တီထွင်လိုက်သလဲဆိုတာ ကျွန်တော် မသိတော့ဘူး’’ လို့
ဝက်ဇ်ကီက ဒမ်းစတက်နဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ ဆန်ချို နဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာပါ။
ဆန်ချိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲအတွက် မန်ယူအသင်း လူစာရင်းကနေ ချန်ထားခံခဲ့ရတဲ့သူပါ။
အဲဒီလို ချန်ခဲ့တာနဲ့ ပတ်သက်လို့ မန်ယူနည်းပြ တန်ဟတ်က
” လေ့ကျင့်ကွင်းမှာ လုပ်ပြတဲ့ စွမ်း ဆောင်ရည်အရ သူ့ကို ကျွန်တော် မရွေးခဲ့တာပါ။ မန်ယူမှာ ကစားမယ် ဆိုရင် နေ့တိုင်းကို အကောင်းဆုံး အဆင့်မှာ ရှိနေရမယ်။ တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်က ရွေးချယ် ရတာလေ။ ဒါကြောင့် ကျွန်တော် သူ့ကို မရွေးခဲ့တာပါ” လို့ ပြောခဲ့တာပါ။