တန်ဟက် အပြောတွေ သဘောမတူဘူး ဆိုပြီး လက်ရှိ မန်ယူမှာ ပျောက်ဆုံးနေတဲ့ အရာ (၃) ခု ရွိုင်ကိန်း ထောက်ပြ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက စပါးကို အိမ်ကွင်းမှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်က သရဲနီတွေရဲ့ စွမ်းဆောင်ရည် အပေါ် နည်းပြ တန်ဟက်ရဲ့ အကဲဖြတ်မှုကို မန်ချက်စတာယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က သဘောမတူဘဲ တန်ပြန် ထောက်ပြ ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဟွိုင်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ကြိမ်အထိ ဦးဆောင်နိုင် ခဲ့ပေမယ့်လည်း ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့ရဲ့ ချေပဂိုးတွေကို ပြန်လည် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

တန်ဟက်က ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အရမ်းကို အရှိန်အဟုန်ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ပွဲကို ပြန်ပြီးဆန်းစစ်တဲ့အခါမှာ ကျွန်တော်တို့ နည်းနည်းတော့ စိတ်ပျက်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးတွေက မပေးသင့်ဘဲ ပေးလိုက်ရလို့ပါ။ ဒါပေမယ့် အားလုံး ခြုံပြောရရင် အဆင်ပြေပါတယ်။

ကျွန်တော်တို့ ပထမပိုင်းမှာ အရမ်းကောင်းတဲ့ ၂ ဂိုး သွင်းယူခဲ့ပြီး ကျွန်တော်တို့ ခံစစ်ကို ထိုးဖောက်ခဲ့တဲ့ ပုံစံကို မြင်ရတဲ့ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ တိုက်ရိုက်ထိုးဖောက်ပြီး ကောင်းမွန်တဲ့ အဆုံးသတ်တွေ ပြုလုပ်နိုင်လဲဆိုတာကို မြင်ခဲ့ရတယ်။

ဒီလောက်ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်တဲ့အချိန်မှာ အနိုင်မရခဲ့တာက ကျွန်တော် နည်းနည်း စိတ်ပျက် မိခဲ့တယ်။” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွိုင်ကိန်း က တန်ဟက်ရဲ့ အကဲဖြတ်မှုကို သဘောမတူခဲ့ဘဲ လက်ရှိ မန်ယူနိုက်တက် အသင်းမှာ ပျောက်ဆုံးနေတဲ့အရာ ၃ ခုကို သတ်မှတ်ခဲ့ပါတယ်။

“ဒီလူစာရင်းထဲမှာ အရည်အသွေး၊ ထိန်းချုပ်မှု၊ ယုံကြည်မှု ကင်းမဲ့နေတယ်။ ခင်ဗျား နည်းပြ အဲဒီမှာ ပြောနေတာကို ကြားမှာပါ။ ကျွန်တော် သူပြောတာ တော်တော် များများကို သဘောမတူဘူး။

ဒါပေမယ့် အခု မန်ယူနိုက်တက်ကစားပုံကြည့်ရတာ အလုပ်ကြိုးစားနေပုံပေါ်ပါတယ်။ ကျွန်တော်တို့အားလုံး အရင်တုန်းက မန်ယူနိုက်တက်အကြောင်း ပြောခဲ့ကြတဲ့ အပြစ်ရှိခဲ့တဲ့သူတွေပါပဲ။ သူက အခုအချိန်မှာ ဖိအားအောက်မှာရှိနေတဲ့ နည်းပြဖြစ်ပေမယ့် ဒီနေ့ မန်ယူနိုက်တက်က အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ အဲဒါက ရုန်းကန်နေရမှုပါ။

ဒါပေမယ့်လည်း သူတို့တွေ အဲဒီကနေ တစ်ခုခု ရခဲ့ပြီး ဒီနေ့ နည်းနည်း တိုက်ပွဲဝင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ လာမယ့်ပွဲကျရင် အဲဒီ တိုက်ပွဲဝင်စိတ် ရှိနေဦးမလား ကြည့်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။