သန်း ၅ဝ တန် နှစ်ယောက် ရောင်းချင်နေခြင်း၊ ဘစ်ဆာကာကို ခေါ်ချင်သူများ၊ ကာဆီမီရို၊ ဒန်ဂိုးနဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းများ စုစည်းမှု
ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာအသင်းဟာ ညာခြမ်း ခံစစ်နေရာအတွက် ကစားသမား ဖြည့်တင်းမှု ပြုလုပ်သွားဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါကို ကမ်းလှမ်းချင်နေတယ်လို့ သတင်းထွက်နေပါတယ်။
ဝမ်ဘစ်ဆာကာ ကို ခေါ်ယူဖို့ အင်တာမီလန် အသင်းကလည်း ချဉ်းကပ်လာပေမယ့် မန်ချက်စတာ ယူနိုက်တက် က ပယ်ချထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ အသက် ၁၉ နှစ် အရွယ် ကွင်းလယ် ကစားသမားလေး ဒန်ဂိုး ဟာ လိဂ်ဝမ်းကလပ် Port Val အသင်းထံ အငှားထွက် ကစားပြီ ဖြစ်ပါတယ်။

ဝိန်းရွန်းနီရဲ့ သား ကိုင် ရွန်းနီ ဟာ ဒဏ်ရာကနေ ပြန်လာပြီးနောက် ယူနိုက်တက် U14 အသင်း အတွက် ပြန် ပါဝင် ကစားခြေစွမ်းပြနေပါတယ်။ ကိုင်ဟာ လိဒ်စ်ကို ၆-ဝ နဲ့ ယူနိုက်တက် နိုင်တဲ့ပွဲမှာ ၂ဂိုး သွင်း၊ ၂ ဂိုး ဖန်တီးခဲ့တာပါ။
ယူနိုက်တက်ဟာ ကွင်းလယ် ခံစစ်သမား ကာဆီမီရို ကို အသင်းနဲ့ စာချုပ် နှစ်နှစ် ကျန်နေသေး သည့်တိုင် နွေမှာ ရောင်းမထွက်ခဲ့ရင် လျော်ကြေးပေးကာ စာချုပ်ဖျက်သိမ်းဖို့ထိ စဉ်းစားနေပါတယ်။
ယူနိုက်တက်ဟာ အသင်းမှာ အဆင်မပြေတဲ့ တိုက်စစ်သမား ဆန်ချိုနဲ့ အန်တိုနီ တို့ အား ဆော်ဒီပရိုလိဂ် ကလပ် တွေထံ ရောင်းချ ငွေဖော်လိုနေပါတယ်။ သရဲနီတွေဟာ ထို ကစားသမားတွေ အတွက် တစ်ယောက် ပေါင် သန်း ၅ဝ စီ ရဖို့ မျှော်လင့်ထားပါတယ်။
သရဲနီဟောင်းကြီး ဂျက်ဆီ လင်ဂတ်ကတော့ အုပ်စုဖွဲ့ အတင်းအဖျင်းတွေ သတင်းခေါင်းစီးတွေမှာ ပါဝင်နေရတာကို စိတ်ပျက် စိတ်ကုန်နေပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။