ဒီ ဆန်းဒေးကန်မယ့် Newport County v Man Utd ပွဲ အတွက် ဘီဘီစီမှ ဆက်တန်ကတော့ ဘယ်လိုရလဒ် ထွက်မလဲ ကြိုပြောလိုက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီ weekend မှာ လိဂ်တူး ကလပ် နယူးပို့ ကောင်တီ အသင်းနဲ့ အက်ဖ်အေဖလား ပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ နယူးပို့နဲ့ မန်ယူတို့ရဲ့ ဒီပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
၂၀၁၉ တုန်းက နယူးပို့ တို့ ပရီးမီးယားလိဂ်ကလပ် လက်စတာကို အက်ဖ်အေဖလားကနေ ရှင်းထုတ်ခဲ့တာကို ကျနော် မှတ်မိပါသေးတယ်။ ဒီနှစ်တွေ အတွင်း သူတို့က အသင်းကောင်း အချို့ကို ရင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ကိုတော့ ဒီပြိုင်ပွဲကနေ သူတို့ ရှင်းထုတ်နိုင်မှာ မဟုတ်ပါဘူး။ လှည့်ဖျားမှုတွေရှိမယ့် ထိပ်တိုက်တွေ့မှု ဆိုပေမယ့် တန်ဟက်ရဲ့ အသင်းက လိဂ်တူးကလပ် တစ်သင်းကို ရှုံးသွားခဲ့မယ်ဆိုရင် သူတို့အသင်း သမိုင်းမှာ ရှက်စရာ အကောင်းဆုံး ရလဒ်တွေထဲ ပါဝင်သွားပါလိမ့်မယ်။
ကျနော်ကတော့ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အကောင်းမြင်ပါတယ်။ နယူးပို အတွက်တော့ သူတို့က အင်အားကြီး လွန်းနေတာမို့ ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ကျနော်ကတော့ ယူနိုက်တက်တို့ clean sheet ပါ ရမယ်လို့ ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
နယူးပို့ ကောင်တီ 0-3 မန်ချက်စတာ ယူနိုက်တကယ်။