ဘန်ဇီမာ ကို မန်ယူက ခေါ်ယူဖို့ လိုအပ်နေပေမယ့် အကြောင်းတစ်ချက်ကြောင့် ဆွေးကို မဆွေးနွေးတော့ပါဘူး

မန်ချက်စတာယူနိုက်တက်ဟာ နာမည်ကြီး ဝါရင့် တိုက်စစ်ကြယ်ပွင့် ကာရမ် ဘန်ဇီမာအား ခေါ်ယူနိုင်မဲ့ အခွင့်အရေးကို အကြောင်းတစ်ချက်ကြောင့် ငြင်းပယ်လိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ဆော်ဒီပရိုလိဂ်သို့ ရောက်ပြီး ၆ လအကြာမှာဘဲ အသင်းပြောင်းဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ မာရှယ်ပါ နားရတာကြောင့် ရာသီအကုန်အထိ အထောင်တိုက်စစ်မှူးအဖြစ် ဟွိုင်းလန်းတစ်ဦးတည်းကိုသာ အားကိုးရန် ရှိပေမဲ့လည်း ဘန်ဇီမာ ကို ခေါ်ယူရေး ဆွေးနွေးနိုင်မဲ့ အခွင့်အရေးကိုပင် ငြင်းဆိုလာပါတယ်။

အထူးသဖြင့် ယူနိုက်တက်ဟာ Al-Ittihad တွင် တစ်နှစ်လုပ်ခ ပေါင် ၈၆ သန်း ထိ ရရှိနေတဲ့ ဘန်ဇီမာ ရဲ့ မြင့်မားလှတဲ့ လုပ်ခကြောင်း ငြင်းပယ်လာတာလည်း ဖြစ်ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေး ဥပဒေကြောင့် အသင်းရဲ့ အသုံးစရိတ်ကို ချင့်ချိန် သုံးစွဲနေရချိန်တွင် ဘန်ဇီမာ အား လုပ်ခများစွာပေးပြီး အသုံးစရိတ်မြင့်တက်လာအောင် ပြုလုပ်လိုခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ အသင်းရဲ့ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် အသင်းရဲ့ ကစားသမား ၆ ဦး အငှားချထားပြီးသလို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ခေါ်ယူရန်လည်း အစီအစဉ် မရှိပါဘူး။

ဘန်ဇီမာဟာ Al-Ittihad အတွက် ပွဲ ၂၀ ကစားထားရာမှာ ၁၂ ဂိုးအထိ သွင်းထားပေမဲ့ ကလပ်မှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

တဖက်တွင် ဘန်ဇီမာ ဟာ Al-Ittihad ရဲ့ ရာသီဝက်လေ့ကျင့်ခန်းအစီအစဉ်သို့ ၁၇ ရက်နောက်ကျပြီးမှ ပူးပေါင်းမှနှင့်အတူ အသင်းမှ ဖယ်ရှားခြင်းခံထားရပြီး တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရပါတယ်။