အသင်းဖော်တွေ အမျက်ထွက်ခံနေရတဲ့ ရက်ဖို့ဒ်၊ လီဗာပူးနဲ့ ခြေစမ်းပွဲ၊ စပိန်ထွက်သွားတဲ့ ပယ်လီစထရီနဲ့ မန်ယူ သတင်းတိုများ စုစည်းမှု

ယူနိုက်တက် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်တစ်ယောက် ထရိန်နင် ပျက်ကွက်သည်ထိ စည်းကမ်းဖောက် ခဲ့တဲ့အတွက် အသင်းဖော်တွေရဲ့စိတ်ဆိုးဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။

နယူးပို့တ်အသင်းနဲ့ပွဲရဲ့အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်သားဟာ ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း အကြောင်းပြချက်မျိုးစုံ ပြခဲ့တာဖြစ်ပါတယ်။ သောကြာနေ့မတိုင်ခင်တုန်းက ရက်ရှ်ဖို့ဒ်တစ်ယောက် ဖျားနေတယ်လို့ ပြောကြားခဲ့ပေမယ့် ကြာသပတေးနေ့ညတုန်းကတော့ Belfast မှာ ပါတီပေးနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ပယ်လီစထရီဟာ စပိန်ကလပ် ဂရန်နာဒါသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီဖြစ်ပြီး ယနေ့မှာပဲ စပိန်နိုင်ငံသို့ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ပယ်လီစထရီကို ခေါ်ယူဖို့အတွက် ဂရန်နာဒါဟာ တနင်္လာနေ့က ခိုင်မာတဲ့သဘောတူညီချက်ကိုရရှိခဲ့ပြီး ယခုအခါမှာတော့ အပြီးသတ်စာချုပ် ချုပ်ဆိုဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က အသင်းရဲ့တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်လန်း အတွက် အခွင့်အရေးဖန်တီးမှုတွေပြုလုပ်ပေးဖို့ ပျက်ကွက်နေတဲ့ တောင်ပံကစားသမားတွေကို ပြစ်တင်ဝေဖန် လာခဲ့ပါတယ်။

လာမယ့် နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့အကြား ခြေစမ်းပွဲစဉ်တွေကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ကင်မရွန်း အာဖရိကဖလားက ထွက်လို့ အိမ်ပြန်လာရပြီ ဖြစ်တဲ့ ဂိုးသမား အိုနာနာ ဟာ ဒီကြားရက် ဝုဗ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန် ကစားတော့မှာ ဖြစ်ပါတယ်။

အလန်ရှီးယားကတော့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကက်ရက်ရှ်ဖို့ဒ်ဟာ သူ့ပါရမီတွေကို သူကိုယ်တိုင်ပဲဖြုန်းတီးနေပြီး လက်ရှိ စည်းကမ်းပိုင်း ချွတ်ယွင်းချက်တွေကို ပြင်ဆင်မှုမပြုလုပ်ပါက ကြီးကြီးမားမား နောင်တရလိမ့်မယ်လို့ သတိပေးစကား ဆိုလာခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား နိုင်ပွဲအပြီးမှာ အသင်းဖော်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့တာက မှားတယ်လို့ ခရစ်ဆပ်တန်က ပြစ်တင်လိုက်ပါတယ်။