နှစ်ပွဲကစား နှစ်ပွဲနိုင် ပေးဂိုးမရှိ၊ ဘန်လေနဲ့ ပွဲပြီးမှာ အမှတ်ပေးဇယား ထိပ်ရောက်သွားတဲ့ လီဗာပူး

စနေနေ့ရဲ့ ပရီးမီးယားလိဂ် အစောဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်တို့ နိုင်ပွဲရခဲ့ပြီး အဖွင့်နှစ်ပွဲဆက်တိုက်ကို အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ ဂိုးထပ်သွင်းနိုင်ခဲ့ပြီး ခံစစ်ပိုင်းကလည်း ပေးဂိုးမရှိအောင် ဆက်ကစားနိုင်ခဲ့တာမို့ ကလော့ပ် အတွက်တော့ ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့ပါတယ်။

ဗန်ဒိုက် ပြန်လည်ပါဝင်လာမှုနဲ့အတူ လီဗာပူးလ်ခံစစ်ပိုင်းလုံခြုံလာတာက တိုက်ဆိုင်မှုသက်သက်တော့မဟုတ်တာ သေချာပါတယ်။ ဂျိုတာက အသင်းအတွက် ပုံမှန်ခြေစွမ်းပြနေပြီး ကလော့ပ်ရဲ့ နာမည်ကျော်ရဲသုံးဖော်ဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမီနိုတို့ရဲ့ တိုက်စစ်အတွဲမှာ သူပါ ထပ်ပေါင်းစည်းမှုနဲ့အတူ လီဗာပူးလ်တိုက်စစ်ပိုင်းက ဂိုးရဖို့ပါ စိတ်မပူရတဲ့အခြေအနေဖြစ်လာပါတယ်။

ဘန်လေကတော့ လီဗာပူးလ်ကို ကြီးကြီးမားမားခြိမ်းခြောက်နိုင်တာမျိုး မရှိခဲ့ဘဲ ဂိုးတွေထပ်မပေးရအောင်ပဲ ကစားနေခဲ့ရပါတယ်။ လီဗာပူးလ်က တိုက်စစ်ကို နေရာစုံကနေ တိုက်ရိုက်ပေးပို့ကစားပုံတွေကောင်းမွန်ခဲ့ပြီး မာနေးရဲ့ သွင်းဂိုးကလည်း အဲဒီလိုပုံစံကနေ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဆန်နေရာ ဝင်ကစားပေးနေတဲ့ လူငယ်ကစားသမား ဆီမီကတ်က်စ်က ဂျိုတာရဲ့ ခေါင်းတိုက်သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ပါသေးတယ်။

မာနေးသွင်းဂိုးအတွက် အာနိုးလ်က ဖန်တီးပေးခဲ့ပြီး ဆီနီဂေါသားရဲ့ အဆုံးသတ်ပိုင်းကလည်း တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပေးဂိုးမရှိနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲတွေမှာ အသင်းငယ်လေးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရတာကြောင့် လီဗာပူးလ်ခြေစွမ်းကို အပြည့်အဝ အကဲခတ် သုံးသပ်လို့ မရသေးပေမယ့် ကျေနပ်လောက်စရာ ကစားဟန်နဲ့ ရလဒ်ပိုင်းတော့ သူတို့ ပိုင်ဆိုင်ခဲ့ပါတယ်။

ZG

စေနေန႔ရဲ႕ ပရီးမီးယားလိဂ္ အေစာဆုံးပြဲျဖစ္တဲ့ လီဗာပူးလ္နဲ႔ ဘန္ေလတို႔ရဲ႕ ပြဲစဥ္မွာေတာ့ လီဗာပူးလ္တို႔ ႏိုင္ပြဲရခဲ့ၿပီး အဖြင့္ႏွစ္ပြဲဆက္တိုက္ကို အႏိုင္ယူခဲ့ပါတယ္။ တိုက္စစ္ကစားသမားေတြ ဂိုးထပ္သြင္းႏိုင္ခဲ့ၿပီး ခံစစ္ပိုင္းကလည္း ေပးဂိုးမရွိေအာင္ ဆက္ကစားႏိုင္ခဲ့တာမို႔ ကေလာ့ပ္ အတြက္ေတာ့ ေက်နပ္စရာ ရလဒ္ျဖစ္ခဲ့ပါတယ္။

ဗန္ဒိုက္ ျပန္လည္ပါဝင္လာမႈနဲ႔အတူ လီဗာပူးလ္ခံစစ္ပိုင္းလုံၿခဳံလာတာက တိုက္ဆိုင္မႈသက္သက္ေတာ့မဟုတ္တာ ေသခ်ာပါတယ္။ ဂ်ိဳတာက အသင္းအတြက္ ပုံမွန္ေျခစြမ္းျပေနၿပီး ကေလာ့ပ္ရဲ႕ နာမည္ေက်ာ္ရဲသုံးေဖာ္ျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဖာမီႏိုတို႔ရဲ႕ တိုက္စစ္အတြဲမွာ သူပါ ထပ္ေပါင္းစည္းမႈနဲ႔အတူ လီဗာပူးလ္တိုက္စစ္ပိုင္းက ဂိုးရဖို႔ပါ စိတ္မပူရတဲ့အေျခအေနျဖစ္လာပါတယ္။

ဘန္ေလကေတာ့ လီဗာပူးလ္ကို ႀကီးႀကီးမားမားၿခိမ္းေျခာက္ႏိုင္တာမ်ိဳး မရွိခဲ့ဘဲ ဂိုးေတြထပ္မေပးရေအာင္ပဲ ကစားေနခဲ့ရပါတယ္။ လီဗာပူးလ္က တိုက္စစ္ကို ေနရာစုံကေန တိုက္႐ိုက္ေပးပို႔ကစားပုံေတြေကာင္းမြန္ခဲ့ၿပီး မာေနးရဲ႕ သြင္းဂိုးကလည္း အဲဒီလိုပုံစံကေန ရရွိသြားခဲ့တာျဖစ္ပါတယ္။ ေရာဘတ္ဆန္ေနရာ ဝင္ကစားေပးေနတဲ့ လူငယ္ကစားသမား ဆီမီကတ္က္စ္က ဂ်ိဳတာရဲ႕ ေခါင္းတိုက္သြင္းဂိုးအတြက္ ဖန္တီးေပးခဲ့ပါေသးတယ္။

မာေနးသြင္းဂိုးအတြက္ အာႏိုးလ္က ဖန္တီးေပးခဲ့ၿပီး ဆီနီေဂါသားရဲ႕ အဆုံးသတ္ပိုင္းကလည္း တကယ္ကိုေကာင္းမြန္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ လီဗာပူးလ္တို႔ ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ေပးဂိုးမရွိနဲ႔ ႏိုင္ပြဲဆက္ခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲေတြမွာ အသင္းငယ္ေလးေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္ရတာေၾကာင့္ လီဗာပူးလ္ေျခစြမ္းကို အျပည့္အဝ အကဲခတ္ သံုးသပ္လို႔ မရေသးေပမယ့္ ေက်နပ္ေလာက္စရာ ကစားဟန္နဲ႔ ရလဒ္ပိုင္းေတာ့ သူတို႔ ပိုင္ဆိုင္ခဲ့ပါတယ္။