ယခင် နည်းပြဟောင်းတစ်ဦးကိုပဲ မန်ချက်စတာ ယူနိုက်တက် ပြန် လက်တွဲ ခေါ်ယူဖွယ် ရှိကြောင်း သတင်းထွက်နေ

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက်နဲ့ လမ်းခွဲပြီးရင် ယခင်က အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြဟောင်း တစ်ဦးအား ပြန်လက်တွဲသွားဖွယ် ရှိတယ် သတင်းထွက်နေပါတယ်။

ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးမှာ မော်ရင်ဟိုကို နောက်တစ်ကြိမ်ပြန်လည်တွေ့ရဖို့ရှိနေပြီဆိုတဲ့ သတင်းတွေ ပြန့်လို့လာနေပါတယ်။

စပါယ်ရှယ်ဝမ်းကြီး ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။

ပေါ်တူဂီသား နည်းပြကြီး မော်ရင်ဟိုက ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်မှာ ယူနိုက်တက်ကို အချိန်အကြာကြီး ကိုင်တွယ်ချင်ကြောင်း ပြောခဲ့ဖူးပါတယ်။ အခုတော့ ရိုးမားနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါပြီ။

မော်ရင်ဟိုနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာတဲ့ သတင်းရင်းမြစ်တွေအရ ပေါ်တူဂီသားနည်းပြဟာ မန်ယူနိုက်တက် မှာ သူလုပ်ဆောင်ဖို့ ကိစ္စတွေ မပြီးဆုံးသေးဘဲ ထွက်ခွာသွားခဲ့ရတယ်လို့ ပြောကြားနေကြောင်း ထုတ်ဖော်လာပါတယ်။

သူဟာ အနာဂတ်မှာ မန်ယူနိုက်တက်နဲ့ ပြန်လည်လက်တွဲဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် ပြန်လည်တာဝန်ယူဖို့ စိတ်ဆန္ဒရှိနေတယ်လို့လည်း ပြောကြားထားတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် တန်ဟက် အထွက်၊ မော်ရင်ဟို အဝင် ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ မန်ယူကတော့ တန်ဟက်ကို အနည်းဆုံး ရာသီကုန်ထိ ဆက်ထားဖွယ် ရှိနေပါတယ်။