ဝုဗ်နဲ့ ပွဲမှာ ဂိုးသွင်းပြီး စီ ရော်နယ်ဒို စံချိန်တစ်ခုကို ရိုက်ချိုးကာ မှတ်တမ်းသစ် တင်လိုက်တဲ့ တိုက်စစ်မှုး ဟွိုင်လန်း

မန်ယူ တိုက်စစ်မှုး ဟွိုင်လန်းဟာ မနေ့ညတုန်းက ဝုဗ်နှင့်ပွဲတွင် မန်ချက်စတာယူနိုက်တက်အတွက် ဂိုးသွင်းယူနိုင်ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကာလရှည်ကြာ စံချိန်အား ရိုက်ချိုးလာနိုင်ခဲ့ပါတယ်။

ဒိန်းမတ်သား တိုက်စစ်မှူးဟာ မနေ့ညတုန်းက ဝုဗ်ကို အဝေးကွင်းတွင် ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ဒုတိယဂိုးအား သွင်းယူလာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပွဲအစ ၅ မိနစ်မှာပင် ကစားဖော် မားကပ်စ်ရက်ဖို့ဒ် အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးနိုင်ပြီးနောက် ပွဲချိန် ၂၂ မိနစ်မှာ ဒုတိယဂိုးအား သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဟွိုင်လန်းအတွက် ပရီးမီးယားလိဂ် ၂ ပွဲဆက် ဂိုးသွင်းနိုင်သလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသက် ၂၀ နှစ်နှင့် ၃၆၂ ရက်ဖြင့် ယူနိုက်တက်သမိုင်းတွင် ပရီးမီးယားလိဂ်တွင် ၂ ပွဲဆက် ဂိုးသွင်းနိုင်သလို ဖန်တီးမှုလည်း ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။

ယခင်တုန်းက ယင်းစံချိန်ကို ခရစ္စတီယာနိုရော်နယ်ဒိုက ၂၀၀၇ ခုနှစ်တုန်းက အသက် ၂၁ နှစ်ဖြင့် ပိုင်ဆိုင်ထားခဲ့တာပါ။

ဟွိုင်လန်းဟာ ဝုဗ်နှင့်ပွဲတွင် ယူနိုက်တက်ကစားဖော်ရဲ့ ဖန်တီးမှုဖြင့်ပင် ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ယခင်တုန်းက ပရီးမီးယားလိဂ်ဂိုး ၂ ဂိုးသွင်းခဲ့ရာမှာ ကစားဖော်တွေရဲ့ ဖန်တီးမှုဖြင့် သွင်းခဲ့တာ မဟုတ်ပါဘူး။

လက်ရှိမှာတော့ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲဆက် ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပထမဆုံ းပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲမှာတော့ ဂိုးပေါက် မတွေ့ခဲ့ပါဘူး။

တိုက်စစ်မှုး ဟွိုင်လန်း ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၇ ပွဲကစားထားရာမှာ ၉ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးထားပါတယ်။