အလှည့်အပြောင်း စတင်လာခဲ့ပြီ Top 4 ဝင်အောင်လုပ်မယ် အက်ဖ်အေဖလား ယူမယ် ကြွေးကြော်လိုက်တဲ့ ဟွိုင်လန်း

ဝုလ်ဗ် ၃-၄ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ ယူနိုက်တက်အတွက် ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဟွိုက်လန်းကတော့ ဒီရာသီကို သာမာန် အသင်းအဖြစ်နဲ့ ရာသီ မသိမ်းလိုပါဘူး။

ယူနိုက်တက်နဲ့အတူ လက်ကျန် ရာသီဝက်ကာလမှာ ပွဲတိုင်းကို နိုင်ပွဲရအောင် ကြိုးစား ကစားသွားမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့နဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားကြောင်း တိုက်စစ်မှူးက ဖွင့်ဟလာခဲ့ပါတယ်။

ဟွိုက်လန်းက “ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အလှည့်အပြောင်း တခု ဖြစ်လာစေမယ့် အရာလို့ မျှော်လင့်ထားပါတယ်။

ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးမှာ နိုင်ပွဲ ရအောင် ကြိုးစား ကစားမယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရချင်သလို အက်ဖ်အေဖလား ချန်ပီယံလည်း ဖြစ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဒီအပတ် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။