ဆရာကြီး ပေါမာဆန် ရဲ့ စူပါဆန်းဒေး မန်ယူ – ဝက်စ်ဟမ်း ပွဲစဉ် ဘယ်လို ဖြစ်မလဲ ကြိုတင် သုံးသပ် ခန့်မှန်းချက်
တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာတော့ နည်းပြ မိုယက်စ်ရဲ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရမှာပါ။ ပွဲကတော့ တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ပွဲအတွက် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ချက်
ဝက်စ်ဟမ်း ယူနိုက်တက်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ကောင်တာ တိုက်စစ်ကနေ ခံစားသွားရအောင် လုပ်ဖို့ ရည်မှန်းလာမှာပါ။ ဘိုဝမ်၊ ကူဒက်စ် တို့ ကစားသမား နှစ်ယောက်ကလည်း ဒီရာသီ ခြေစွမ်း သိပ်ကောင်းနေပါတယ်။
ဒါပေမယ့် ကျွန်တော် ပြောခဲ့ဖူးသလိုပဲ.. ဝက်စ်ဟမ်းနဲ့ ဆို ဘယ်လို ဖြစ်လာမလဲ မှန်းလို့ကို မရပါဘူး။
မန်ချက်စတာ ယူနိုက်တက်ကိုလည်း ဒီလိုပဲ ပြောမှာပဲ။ သူတို့ နယူးပို့တ် ကောင်တီနဲ့ တွေ့တုန်းက ပွဲကို လွှမ်းမိုးထားပြီး ၂ဂိုး အသာ အရင် ဦးဆောင်ထားတယ်။ ကျွန်တော်ကဖြင့် ခရစ်ကတ်ပွဲတွေလို ဂိုးတွေက မြင်မကောင်းအောင် ဖြစ်မယ် ထင်ထားတာ။ နောက်ကျ သိကြတဲ့အတိုင်း ၂-၂ ဖြစ်သွားတယ်။
ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ပွဲတွေ ခန့်မှန်းရတာ မုန်းပါတယ်။ ဒါပေမယ် ဒီပွဲမှာတော့ အိမ်ကွင်း အားသာချက်ကြောင့် သူတို့ နိုင်သွားမယ်လို့ ထင်တယ်။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၁ ဝက်စ်ဟမ်း။