မန်ယူ အိမ်ကွင်းကို မြောက်ပိုင်း ဝင်ဘာလေ အဖြစ် အသစ်ဆောင်ချင်တဲ့ ရက်ကလစ်ဖ် အကြံ ထင်တိုင်း မပေါက် ဖြစ်နေပါတယ်
မန်ယူ ရှယ်ယာရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းအား မြောက်ပိုင်းရဲ့ ဝင်ဘာလေကွင် းအဖြစ် အစိုးရငွေဖြင့် ပေါင် ၂ ဘီလီယံအကုန်အကျခံကာ တည်ဆောက်ရန် မျှော်လင့်ထားခဲ့တာပါ။
ဒါပေမဲ့လည်း ရက်ကလစ်ဖ်ရဲ့ ယင်းအစီအစဉ်မှာ ခွင့်ပြုချက် ရရှိလာဖို့ မရှိဘူး လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ၁၁၄ နှစ်ကြာ အိမ်ကွင်းအဖြစ် အသုံးပြုလာတဲ့ အိုးထရက်ဖို့ဒ်ကွင်းမြေနေရာအား စွန့်ခွာပြီး ယင်းအနီးတွင် ပရိသတ် ၉၀၀၀၀ ဆန့်ကွင်းကြီး တည်ဆောက်ရန် စီစဉ်နေပါတယ်။
ဗြိတိန်ရဲ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဟာ အားကစားနှင့် ဖျော်ဖြေရေး နေရာအဖြစ် အိုးထရက်ဖို့ဒ်အား ပြောင်းလဲ တည်ဆောက်ရန် ဒေသတွင်းနှင့် နိုင်ငံအဆင့် အာဏာပိုင်တို့ထံမှ အကူအညီတောင်းရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဆာဂျမ်ရက်ကလစ်ဖ်ဘက်က တရားဝင် တောင်းဆိုထားခြင်း မရှိပေမဲ့လည်း ဂရိတ်တားမန်ချက်စတာမြို့တော်ဝန် အင်ဒီဘန်းဟမ်နှင့် ဆွေးနွေးပြီးပြီလို့တော့ ယူဆရပါတယ်။
မန်စီးတီးဟာ ၂၀၀၂ ခုနှစ် ဓနသဟယပြိုင်ပွဲကြောင့် အီတီဟတ်ကွင်းကို ရရှိခဲ့သလို ဝက်စ်ဟမ်းမှာလည်း ၂၀၁၂ အိုလံပစ်ပြိုင်ပွဲကြောင့် London Stadium ကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်နှင့် Ineos တို့ဟာ ကလပ်အတွက် လိုအပ်တဲ့ ကွင်းသစ်ဆိုတာထက် ပိုပြီးတော့ ပြည်သူ့ပိုင်ဘဏ္ဍာကို အသုံးပြုရန် တောင်းဆိုလုပ်ဆောင်လာတာ ဖြစ်လို့ ခွင့်ပြုလာဖို့ မရှိပါဘူး။
တဖက်တွင် အစိုးရရဲ့ Levelling Up ငွေများမှာ အခြားဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်ရန်လည်း ရှိနေပါသေးတယ်။