သူ လိုလားတဲ့ အချက် တစ်ခု ရမှသာ မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လာချင်တဲ့ ဂျေဒန် ဆန်ချို

ဒေါ့မွန်မှာ အငှား ထွက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်သမား ဂျာဒွန်ဆန်ချိုဟာ အချက်တစ်ခုနှင့် ကိုက်ညီမှသာလျှင် နောက်ရာသီ မန်ချက်စတာယူနိုက်တက်သို့ ပြန်လာတော့မှာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့လတုန်းက အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် ပြောင်းရွှေ့ပြီးနောက် ယူနိုက်တက်အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် နွေရာသီတုန်းက ဆန်ချိုအား ဒေါ့မွန်မျ ပေါင် ၇၃ သန်း အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ အဲရစ်တန်ဟက်နှင့် ပြဿနာတက်ပြီးနောက် ယူနိုက်တက် စီနီယာ အသင်းမှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။

နည်းပြ တန်ဟက် ဟာ စက်တင်ဘာလတုန်းက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ဆန်ချိုအား လူစာရင်းမှ ချန်လှပ်ထားခဲ့မှုမှာ လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်ကျဆင်းနေမှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဆန်ချိုကလည်း ယင်းကို လူသိရှင်ကြား ငြင်းဆိုခဲ့မှာ မိမိမှာ အသင်းရဲ့ ရာသီအစရလဒ်ဆိုးရွားမှုရဲ့ ခုတုံးလုပ်ခြင်းခံနေရကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ယင်းနောက် ၃ လအကြာမှာတော့ ဆန်ချိုဟာ အသင်းဟောင်းဒေါ့မွန်သို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်းတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပေမဲ့ ယူနိုက်တက်ဟာ ဆန်ချိုအတွက် တံခါးဖွင့်ပေးထားတုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်တွင် ဆန်ချိုကိုယ်တိုင်ကလည်း အချက်တစ်ခု ဖြစ်မြောက်လာမှသာလျှင် ယူနိုက်တက်သို့ ပြန်ရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အဲဒါကတော့ ဆန်ချိုဟာ အဲရစ်တန်ဟက် ထုတ်ပယ်ခြင်းခံရမှသာလျှင် ယူနိုက်တက်သို့ ပြန်လာပါမယ်။

နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက်စာချုပ်က ၂၀၂၄-၂၅ ရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး ယခုရာသီတွင် ရလဒ်မကောင်းမှုနှင့်အတူ ဖိအားများနှင့် ကြုံတွေ့နေရပါတယ်။