ကွင်းထဲ ခြေစွမ်းမပြနိုင်လို့ ကွင်းပြင်မှာ ထင်တိုင်းကြဲ ဆိုးဝါးခဲ့တဲ့ မန်စီးတီးကစားသမား မန်ဒီ

မန်စီးတီး ဘယ်နောက်ခံလူ မန်ဒီဟာ မုဒိမ်းမှုနဲ့ ထောင်ထဲရောက်နေတာဖြစ်ပြီး သူ့ အနေနဲ့ လက်ရှိ အချိန်မှာ စွဲချက်တင်ခံထားရတဲ့ မုဒိမ်းမှုက (၆) မှုအထိ ရှိလာခဲ့ပြီလို့ နောက်ဆုံးရ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ဒီဟာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလို ရုန်းကန်နေကျ ကစားသမားဖြစ်ပြီး ကွင်းပြင်ပ သူ့ရဲ့အပြုအမူ အကျင့် စရိုက်တွေ ကလည်း တော်တော်လေးကို ပြဿနာရှိနေတာပါ။

မန်ဒီ အနေနဲ့ ပြီးခဲ့တဲ့ (၂၀၂၀)၊ အောက်တိုဘာကနေ (၂၀၂၁) သြဂုတ်အတွင်း မတူညီတဲ့အမျိုးသမီး (၄) ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် အမှု (၄) မှုနဲ့ စွဲချက်တင်ဖမ်းဆီးခံခဲ့ရပြီး မန်စီးတီးကလည်း ဒီလို စွဲချက် တင်ခံရ ပြီးပြီးချင်းမှာတင် အသင်းရဲ့ ကစားသမားအဖြစ်ကနေ ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။

မန်ဒီဟာ လက်ရှိအချိန်မှာတော့ လီဗာပူးမြို့မှာရှိတဲ့ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ရောက်ရှိချိန်မှာလည်း မန်ဒီက အခြားသော အထူးပုဂ္ဂိုလ်တွေလိုမျိုး သီးသန့်နေခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိ သူတွေက ငြင်းဆန်ခဲ့တာကြောင့် စိတ်ပျက်နေရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့သေးတာပါ။

လက်ရှိ ထပ်တိုးလာတဲ့ အမှုနှစ်မှုကတော့ အသက် (၄၀) အရွယ် မတ်တူရီနဲ့ အတူ ထပ်တိုးခဲ့တာဖြစ်ပြီး မတ်တူရီ ကလည်း ဆီရီယာလီယွန်က ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုတွေကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း မန်ဒီကို နောက်ထပ်မုဒိမ်းမှု (၂) ခုနဲ့ ထပ်မံစွဲချက်တင်တာကို အတည်ပြုပေးခဲ့ပြီး လက်ရှိအနေအထားအရတော့ မန်ဒီတစ်ယောက် သေချာပေါက် ထောင်နန်းစံရဖွယ် ရှိနေပါပြီ။

မန်ဒီ ကျူးလွန်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ယောက်လည်း ပါဝင်ပါတယ်။ မန်စီးတီးရဲ့ ဂျာစီအရောင်းဆိုင်မှာလည်း မန်ဒီရဲ့ကျောနံပါတ်နဲ့ နာမည်ပါဝင်တဲ့ ဂျာစီ ရောင်းချမှုကို ရပ်ဆိုင်းထားတယ်လို့ သိရှိရပါတယ်။

ZG

မန္စီးတီး ဘယ္ေနာက္ခံလူ မန္ဒီဟာ မုဒိမ္းမႈနဲ႔ ေထာင္ထဲေရာက္ေနတာျဖစ္ၿပီး သူ႔ အေနနဲ႔ လက္ရွိ အခ်ိန္မွာ စြဲခ်က္တင္ခံထားရတဲ့ မုဒိမ္းမႈက (၆) မႈအထိ ရွိလာခဲ့ၿပီလို႔ ေနာက္ဆုံးရ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ဒီဟာ ဒဏ္ရာျပႆနာေတြနဲ႔ အၿမဲလို ႐ုန္းကန္ေနက် ကစားသမားျဖစ္ၿပီး ကြင္းျပင္ပ သူ႔ရဲ႕အျပဳအမူ အက်င့္ စ႐ိုက္ေတြ ကလည္း ေတာ္ေတာ္ေလးကို ျပႆနာရွိေနတာပါ။

မန္ဒီ အေနနဲ႔ ၿပီးခဲ့တဲ့ (၂၀၂၀)၊ ေအာက္တိုဘာကေန (၂၀၂၁) ၾသဂုတ္အတြင္း မတူညီတဲ့အမ်ိဳးသမီး (၄) ေယာက္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေၾကာင့္ အမႈ (၄) မႈနဲ႔ စြဲခ်က္တင္ဖမ္းဆီးခံခဲ့ရၿပီး မန္စီးတီးကလည္း ဒီလို စြဲခ်က္ တင္ခံရ ၿပီးၿပီးခ်င္းမွာတင္ အသင္းရဲ႕ ကစားသမားအျဖစ္ကေန ယာယီ ရပ္ဆိုင္းခဲ့ပါတယ္။

မန္ဒီဟာ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူးၿမိဳ႕မွာရွိတဲ့ အက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ခံထားရပါတယ္။ အဲ့ဒီအက်ဥ္းေထာင္ကို ေရာက္ရွိခ်ိန္မွာလည္း မန္ဒီက အျခားေသာ အထူးပုဂၢိဳလ္ေတြလိုမ်ိဳး သီးသန္႔ေနခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ တာဝန္ရွိ သူေတြက ျငင္းဆန္ခဲ့တာေၾကာင့္ စိတ္ပ်က္ေနရတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ေသးတာပါ။

လက္ရွိ ထပ္တိုးလာတဲ့ အမႈႏွစ္မႈကေတာ့ အသက္ (၄၀) အ႐ြယ္ မတ္တူရီနဲ႔ အတူ ထပ္တိုးခဲ့တာျဖစ္ၿပီး မတ္တူရီ ကလည္း ဆီရီယာလီယြန္က ကစားသမားျဖစ္တယ္လို႔ သိရပါတယ္။

ဒီအမႈေတြကို တာဝန္ယူထားတဲ့ ရဲတပ္ဖြဲ႕ဘက္ကလည္း မန္ဒီကို ေနာက္ထပ္မုဒိမ္းမႈ (၂) ခုနဲ႔ ထပ္မံစြဲခ်က္တင္တာကို အတည္ျပဳေပးခဲ့ၿပီး လက္ရွိအေနအထားအရေတာ့ မန္ဒီတစ္ေယာက္ ေသခ်ာေပါက္ ေထာင္နန္းစံရဖြယ္ ရွိေနပါၿပီ။

မန္ဒီ က်ဴးလြန္ခဲ့တဲ့ အမ်ိဳးသမီးေတြထဲမွာ အသက္ (၁၇) ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ေလး တစ္ေယာက္လည္း ပါဝင္ပါတယ္။ မန္စီးတီးရဲ႕ ဂ်ာစီအေရာင္းဆိုင္မွာလည္း မန္ဒီရဲ႕ေက်ာနံပါတ္နဲ႔ နာမည္ပါဝင္တဲ့ ဂ်ာစီ ေရာင္းခ်မႈကို ရပ္ဆိုင္းထားတယ္လို႔ သိရွိရပါတယ္။