မန်ယူ လက်နှေးမနေဘဲ အရ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကစားသမား တစ်ဦး ရှိကြောင်း ဆာဟာ တိုက်တွန်း
သရဲနီဟောင်း လူးဝစ်ဆာဟာက မန်ချက်စတာယူနိုက်တက် အနေနဲ့ ဘရိုက်တန် ကြယ်ပွင့် ကစားသမားမီတိုမာကို အရ ခေါ်ယူရန် တိုက်တွန်းသွားခဲ့ပါတယ်။
မီတိုမာဟာ လွန်ခဲ့တဲ့ ၂၀၂၁ က အာမက် ကနေ ပြောင်းလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်နေပြီး ဘရိုက်တန် အတွက် ၆၆ ပွဲမှာ ၂၇ ဂိုး ပါဝင်ပက်သက်ထားပါတယ်။

မီတိုမာဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်ကို အဆင့် ၆ နေရာ ရရှိအောင် ကူညီပေးခဲ့သလို ကလပ်ကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ဥရောပဝင်ခွင့်ရအောင် လုပ်ပေးခဲ့ပါတယ်။
ဘရိုက်တန်ဟာ မီတိုမာ အတွက် ပေါင် ၂.၇ သန်းသာ ကုန်ကျခဲ့ပြီး လက်ရှိ အချိန်မှာတော့ အနည်းဆုံး ပေါင်သန်း ၅၀ လောက် တန်နေပြီ ဖြစ်ပါတယ်။
မီတိုမာကို မန်စီးတီး ယူနိုက်တက် ချဲလ်ဆီး တို့က စိတ်ဝင်စားမှုတွေ ပြသလျက် ရှိနေပြီး ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဆာဟာ ကတော့ သရဲနီတို့ အနေနဲ့ ဂျပန်စတားကို ခေါ်ယူဖို့ ချီတုံချတုံ ဖြစ်မနေရန် တိုက်တွန်းလိုက်ပါတယ်။
ဆာဟာက “သူဟာ တည်ငြိမ်မှုရှိပြီး ခန့်မှန်းရ အတော် ခက်ခဲတဲ့ ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒ့ါကြောင့် သူဟာ အသင်းဖော်တွေနဲ့ မန်နေဂျာ အတွက် အတော်လေးကို အကူအညီ ပေးနိုင်ပါတယ်။ သူဟာ ဘယ်လို နေရာယူရမလဲဆိုတာ ကောင်းကောင်း သိတဲ့ အပြင် အလုပ်ကို တအားကြိုးစားပြီး ဘောလုံးနဲ့ ပက်သက်ပြီး သူ့ရဲ့ လေ့လာမှုတွေကိုလည်း ခင်ဗျား တွေ့ရမှာပါ။
ဒီလိုမျိုး အရည်အသွေးတွေကြောင့် သူဟာ ယူနိုက်တက်မှာ လွယ်လွယ်ကူကူပဲ အထိုင်ကျသွားမှာပါ။ သူဟာ ယူနိုက်တက် အတွက် တကယ့်ကို fit ဖြစ်မယ့် ကစားသမားပါ။ သူသာ ထွက် ဖြစ်မယ်ဆိုရင် ကလပ်တော်တော်များများက သူ့ကို ခေါ်ယူဖို့ ကြိုးစားကြမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ တအားကို အလားအလား ရှိတဲ့သူ မို့လို့ပါ။
သူ့ကို အိုးထရပ်ဖို့ဒ်ထံ ပြောင်းလားစေချင်သလား ဆိုပြီး မေးမယ်ဆိုရင်တော့ ကျနော့်ရဲ့ အဖြေက လွယ်လွယ်လေးပါ။ ဘာလို့လဲဆိုတော့ သူဟာ တကယ်ကောင်းတဲ့ ကစားသမား ဖြစ်နေလို့ပါပဲ။” လို့ ပြောဆို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။