လူတန်တောင်း – မန်ချက်စတာ ယူနိုက်တက် ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ဆရာကြီး ပေါမာဆန်ရဲ့ သုံးသပ် ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ လူတန်တောင်း အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ လူတန်တောင်း – မန်ချက်စတက် ယူနိုက်တက် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန် ရဲ့ ပွဲကြိုသုံးသပ်ချက်

လူတန်တောင်းက လီဗာပူး၊ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ကို အိမ်ကွင်းမှာ အဆုံးထိ တိုက်ပွဲဝင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ကပဲ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှာ ရှက်ဖီးကို ၃-၁ နဲ့ ရှုံးခဲ့ပြန်တယ်။ သူတို့က အားထုတ် ကြိုးစားခဲ့ပေမယ့် ရှုံးပွဲကြုံဖို့ပဲ ဖြစ်သွားတယ်။ သူတို့ ပွဲတွေ ပြန်နိုင်ဖို့ အမြန် လိုအပ်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်ကြောင်းမှာ ရာဖေး ဗာရန်းနဲ့ ဟယ်ရီ မက်ဂွဲရား တို့ အတော် ကောင်းကောင်း ကစားနေတယ်။ သူတို့ တိုက်စစ် ၃ ယောက် ဖြစ်တဲ့ ဟွိုင်လန်း၊ ဂါနာချိုနဲ့ မားကပ် ရက်ဖို့ဒ်တို့ကလည်း ဒီတလော သီတင်းပတ်တွေ အတွင်း သူတို့ အဆင့်အတန်းကို ထုတ်ပြထားတယ်။

ကျွန်တော်က ဟွိုင်လန်း အမာခံ ပရိသတ်ပါ။ သူက စူပါစတား တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းမှာ ရှိနေတယ် လို့ ကျွန်တော် ယုံတယ်။ သူက အသက် ၂၁ နှစ်ပဲ ရှိသေးပေမယ့် လုံးဝ လူကြီးတစ်ယောက်လို ဖြစ်နေပြီ။

ဟွိုင်လန်းက ကလပ် အသင်းသစ်မှာ ခက်ခဲတဲ့ အစပိုင်း ကြုံခဲ့ပေမယ့် သူ ကိုယ်တိုင် အားထုတ် ပြောင်းလဲလိုက်ပုံကိုလည်း သိပ် သဘောကျမိတယ်။ သူ လုပ်နိုင်တာ အများကြီး မရှိခဲ့ဘူး၊ ဒါပေမယ့် ဒီကြားထဲကပဲ သူ ပိုပိုပြီးကောင်းလာတာကို တွေ့နေရတယ်။

ဒီပွဲမှာ စကော့ မက် တော်မီနေးက ပွဲထွက်ကနေ ပါလာမယ် လို့ ကျွန်တော် ထင်တယ်။ ဒါ အရင်ပွဲတုန်းက သူ လူစားဝင်ပြီး အနိုင်ဂိုး သွင်းခဲ့လို့ ပြောနေတာ မဟုတ်ဘူး။ လူတန်က တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်ပြီး တော်မီနေးသာ ပါရင် ဒါကို ထိန်းနိုင်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်

လူတန်တောင်း ၁-၃ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။