ဘာဘာတော့ဗ်၊ ပေါမာဆန်နဲ့ ခရစ်ဆက်တန် တို့ရဲ့ ဒီည လူတန် – မန်ယူ ပွဲအတွက် ပွဲကြို သုံးသပ် ဟောကိန်းထုတ်ချက်များ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လူတန်တောင်း အသင်းနဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန် ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီးတွေ ဖြစ်တဲ့ ဘီဘီစီမှ ဆက်တန်၊ ဂန်းနားဟောင်းကြီး ပေါမာဆန်နဲ့ တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ် တို့ လူတန်တောင်း – မန်ချက်စတက် ယူနိုက်တက် ပွဲ အတွက် အခုလို အသီးသီး ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဘာဘာတော့ဗ် ရဲ့ ပွဲကြို သုံးသပ်ချက်

လူတန်ကွင်းက ကစားရတာ ခက်ခဲပါတယ်။ ယူနိုက်တက်က ဒီကွင်းမှာ လူငယ်တွေ၊ ဝါရင့်တွေ ပေါင်းစပ်ပြီး သွားကစားရမှာပါ။ လူငယ်တွေက ဂိုးတွေသွင်းနေပြီး တိုက်စစ်ကို ဦးဆောင်နေပါတယ်။

လူတန်ထံကနေ မခံလာရသ၍ အထူးသဖြင့် တည်ကန်ဘောမှာ ပြိုင်ဘက်ကို အခွင့်အရေး ပေးဘူးဆိုရင် ယူနိုက်တက်ဟာ ဒီပွဲကို အနိုင်ယူဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။ ကျနော်ကတော့ ယူနိုက်တက် နိုင်သွားမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ် – လူတန် ၁-၃ မန်ချက်စတာ ယူနိုက်တက်

ပေါမာဆန် ရဲ့ ပွဲကြိုသုံးသပ်ချက်

လူတန်တောင်းက လီဗာပူး၊ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ကို အိမ်ကွင်းမှာ အဆုံးထိ တိုက်ပွဲဝင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ကပဲ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှာ ရှက်ဖီးကို ၃-၁ နဲ့ ရှုံးခဲ့ပြန်တယ်။ သူတို့က အားထုတ် ကြိုးစားခဲ့ပေမယ့် ရှုံးပွဲကြုံဖို့ပဲ ဖြစ်သွားတယ်။ သူတို့ ပွဲတွေ ပြန်နိုင်ဖို့ အမြန် လိုအပ်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်ကြောင်းမှာ ရာဖေး ဗာရန်းနဲ့ ဟယ်ရီ မက်ဂွဲရား တို့ အတော် ကောင်းကောင်း ကစားနေတယ်။ သူတို့ တိုက်စစ် ၃ ယောက် ဖြစ်တဲ့ ဟွိုင်လန်း၊ ဂါနာချိုနဲ့ မားကပ် ရက်ဖို့ဒ်တို့ကလည်း ဒီတလော သီတင်းပတ်တွေ အတွင်း သူတို့ အဆင့်အတန်းကို ထုတ်ပြထားတယ်။

ကျွန်တော်က ဟွိုင်လန်း အမာခံ ပရိသတ်ပါ။ သူက စူပါစတား တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းမှာ ရှိနေတယ် လို့ ကျွန်တော် ယုံတယ်။ သူက အသက် ၂၁ နှစ်ပဲ ရှိသေးပေမယ့် လုံးဝ လူကြီးတစ်ယောက်လို ဖြစ်နေပြီ။

ဒီပွဲမှာ စကော့ မက် တော်မီနေးက ပွဲထွက်ကနေ ပါလာမယ် လို့ ကျွန်တော် ထင်တယ်။ ဒါ အရင်ပွဲတုန်းက သူ လူစားဝင်ပြီး အနိုင်ဂိုး သွင်းခဲ့လို့ ပြောနေတာ မဟုတ်ဘူး။ လူတန်က တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်ပြီး တော်မီနေးသာ ပါရင် ဒါကို ထိန်းနိုင်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ် – လူတန်တောင်း ၁-၃ မန်ချက်စတာ ယူနိုက်တက်

ခရစ်ဆက်တန်ရဲ့ ပွဲကြိုသုံးသပ်ချက်

ဒီပွဲက လူတန်အတွက် အရေးကြီးတဲ့ပွဲပါ သူတို့ တန်းဆင်းဇုန်က ရှက်ဖီးကို ရှုံးခဲ့မယ်လို့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ ဒီပွဲကတော့ သူတို့တွေ တန်းဆင်းဇုန်နဲ့ အဝေးကို ပြေးဖို့ အခွင့်အရေးဆိုပေမယ့် သူတို့ ယူနိုင်မလားပါပဲ။

လူတန်ဟာ ဒီရာသီ အိမ်ကွင်းမှာ အသင်းကြီးတွေကို ဧည့်ခံကစားရာမှာ စွမ်းဆောင်ရည် ကောင်းပါတယ်။ ဒီပွဲမှာလည်း တူညီတဲ့ စွမ်းဆောင်ရည်မျိုး မြင်ရမယ်လို့ ထင်ပါတယ်။

နိုဝင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်က လူတန်ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီး အကြိတ်အနယ် ရှိလာပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် – လူတန်တောင်း ၂-၂ မန်ချက်စတာ ယူနိုက်တက်