စီးတီး၊ အာဆင်နယ်တို့ကို အားကိုးရမယ့် ကိန်း ဆိုက်သွားတဲ့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ
လက်ရှိ အနေအထားအရ ပရီးမီးယားလိဂ်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်အတွက် အပိုဝင်ခွင့် တစ်နေရာကို ဆုံးရှုံးရနိုင်ပါတယ်။
ပုံစံသစ်နဲ့ကျင်းပမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်အတွက် အသင်းအရေအတွက်ဟာ ၃၂ သင်းကနေ ၃၆ သင်းကို တိုးသွားခဲ့တာပါ။

အပို ၄ နေရာကထဲက ၂ နေရာကို ယူအီးအက်ဖ်အေရဲ့ co-efficient rankings အရ ထိပ်ဆုံး ၂ နိုင်ငံကို ပေးမှာ ဖြစ်ပါတယ်။
အဲဒါက မကြာသေးခင်ရာသီတွေက ဥရောပအဆင့်စွမ်းဆောင်မှုပေါ် မူတည်တာပါ။ လောလောဆယ်တော့ အဲဒီအပို ၂ နေရာအတွက် အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်တို့ ၃ နိုင်ငံ အဓိကပြိုင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ ထွက်ခဲ့ရတာက အင်္ဂလန်အတွက် နစ်နာမှုဖြစ်သွားခဲ့တာပါ။
အဲဒါကပဲ အပိုချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အင်္ဂလန်ရဲ့အခွင့်အရေးကို အဓိက သက်ရောက်မှု ရှိလာနိုင်ပါတယ်။
လက်ရှိရပ်တည်မှုအရ အီတလီက ဦးဆောင်နေပြီး အင်္ဂလန်ကတော့ ဒုတိယနေရာက ဂျာမနီထက် ဝ.၅၃ မှတ်သာ ပိုနည်းတာပါ။
ဒါပေမဲ့ ဥရောပအဆင့်မှာ အင်္ဂလန်က ၆ သင်း၊ ဂျာမနီက ၆ သင်းနဲ့ အီတလီက ၇ သင်းကျန်သေးတာကြောင့် ရာသီ မကုန်ခင်ကြားထဲမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်ယူဟာ အဆင့် ၆ ရောက်နေပြီး အဆင့် ၄ နေရာက ဗီလာထက် ၅ မှတ်ပိုနည်းတာပါ။
တကယ်လို့ မန်ယူသာ အဆင့် ၅ နဲ့အဆုံးသတ်မယ်ဆို ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က လက်ရှိ ပြိုင်ပွဲ ဝင်နေတဲ့ အခြား အင်္ဂလန် အသင်းတွေရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်သွားနိုင်ပါတယ်။