မန်ချက်စတာ ယူနိုက်တက်ကို တွန်းတင်ပေးမယ့် အစား ဆွဲချသွားတဲ့ ကစားသမား ၃ ဦး အား ဝိန်းရွန်းနီ အမည်တပ် ဖော်ထုတ်
ဆာအဲလက်စ် ဖာဂူဆန်ဟာ အိုးထရက်ဖို့ဒ်တွင် ၂၆ နှစ်ကြာ အောင်မြင်မှုများ ရယူပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ယူနိုက်တက် နည်းပြအဖြစ်မှ အနားယူခဲ့ပါဝယ်။
ဖာဂူဆန်ဟာ ကမ္ဘာ့ဘောလုံးလောကရှိ အကြီးမားဆုံးအလုပ်တွင် အောင်မြင်မှုရရှိရန် လိုအပ်တဲ့ အရာတွေအားလုံးကို မိုယက်စ်အတွက် ချန်ထားခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆက်လက်လျှောကျသွားခဲ့ပြီး ၁၁ နှစ်ကြာသည်အထိ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ရွန်းနီဟာ လာမယ့်နှစ်များအတွင်း ကလပ်အသင်းမှ ထွက်ခွာရန် ကြီးကြီးမားမား စွမ်းဆောင်ထားတဲ့ အသင်းဖော်အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ ဖာဒီနန်၊ ဗီဒစ်နှင့် အီဗရာတို့အားလုံးအပြင် ဂစ်နှင့် စခိုးလ်တို့ကလည်း ကစားသမားဘဝကနေ အနားယူသွားခဲ့ကြပါတယ်။
Stick to Football podcast သို့ ပြောဆိုရာတွင် ရွန်းနီက ထွက်ခွာမယ့်အချိန်နှင့် အဆိုပါကွက်လပ်ကိုဖြည့်ရန် တာဝန်ပေးထားတဲ့ ကစားသမားများအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။
အကယ်ဒမီထွက်တွေ ဖြစ်တဲ့ လင်ဂတ်၊ ဝဲလ်ဘတ်နှင့် ကလေဗာလေတို့ဟာ ဖာဂူဆန်ရဲ့ အဓိကအဖွဲ့နှင့် မတူညီဘူးလို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းက ပြောကြားလိုက်ပါတယ်။
“ပထမအချက်က ယူနိုက်တက်မှာ ဂစ်၊ ဖာဒီနန်၊ ဗီဒစ်တို့လို အသင်းရဲ့ အဓိက ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာပါ။ သူတို့အားလုံးဟာ သူတို့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ရှိနေတဲ့အတွက်ကြောင့် အဝတ်လဲခန်းထဲမှာ ရှိနေတာကို ဆုံးရှုံးခဲ့ရတာပါ။ ငါတို့မျိုးဆက်ထဲက မိုက်ကယ်ကာရစ်လိုပေါ့”
“အဲ့ဒီနောက် ကောင်းကောင်းလုပ်ထားနိုင်တဲ့ လင်ဂတ်၊ ဝဲလ်ဘတ်နှင့် ကလေဗာလေတို့လို ကစားသမားတွေ အကယ်ဒမီကနေရောက်လာကြပေမယ့် ကျွန်တော်တို့မှာရှိခဲ့တဲ့ အဓိက အုပ်စုနဲ့မတူတော့ပါဘူး”
“ဘောလုံးက ပြောင်းလဲနေတာပါ။ ကစားသမားတွေရဲ့ အမူအကျင့်နဲ့ ဘောလုံးပတ်ဝန်းကျင်ရှိ အရာအားလုံးက ပြောင်းလဲနေပြီး အဲဒါက ကြီးကျယ်တဲ့ အရာပါ”
“ဒေးဗစ်မိုယက်စ်လက်ထက် ၂၀၁၄ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို ရှုံးနိမ်ခဲ့တဲ့ပွဲအပြီး နောက်ရက်မှာ ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းကအဝတ်လဲခန်းထဲမှာ ဟစ်ဟော့သီချင်းဖွင့်ပြီး ကနေကြတာကို မှတ်မိနေပါသေးတယ်။ အဝတ်လဲအခန်းကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် တကယ် မလုပ်နိုင်ခဲ့ဘူး”လို့ ရွန်းနီက လို့ ပြောဆိုခဲ့ပါတယ်။
ရွန်းနီ ပြောတဲ့ လင်ဂတ်၊ ဝဲလ်ဘတ်နှင့် ကလေဗာလေ တို့ ၃ ဦးထဲမှာ လင်ဂတ်ဟာ ယူနိုက်တက်မှာ အောင်မြင်မှု အရှိဆုံးဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အသင်းက မထွက်ခွာမီ သူဟာ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရရှိခဲ့ပါတယ်။
ဝဲလ်ဘတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းနဲ့အတူ ဆက်လက်ပါဝင်နေခဲ့ပါတယ်။ ကလေဗာလေကတော့ ဒဏ်ရာကြောင့် ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။