ဘီဘီစီမှ ဆက်တန်ရဲ့ ဒီည မန်ယူ – ဖူလ်ဟမ် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူကြီး ခရစ်ဆက်တန် က ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

ပွဲချိန်ကတော့ စနေနေ့ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

ယူနိုက်တက်က နိုင်ပွဲတွေ ဆက်နေပါတယ်။ လူတန်တောင်းကို အနိုင်ရခဲ့တာက ပြိုင်ပွဲစုံမှာ သူတို့ ၅ ပွဲဆက်တိုက် အနိုင်ရတာပါပဲ။ ဟွိုင်လန်း ဂိုးတွေ ဆက်တိုက်သွင်းနေတာ မြင်ရတာအတွက် ကျနော် ကျေနပ်မိပါတယ်။

ဖူလ်ဟမ်က နိုဝင်ဘာတုန်းက ယူနိုက်တက်ကို ကံမကောင်းစွာဘဲ အရေးနိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ အဝေးကွင်းရလဒ်တွေကတော့ သိပ်ကောင်းမနေဘူး။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ရင်ဆိုင်ကစားတဲ့ ရာသီအဖွင့် အဝေးကွင်း နိုင်ပွဲ ၁ ပွဲပဲ ရထားပါတယ်။

ယူနိုက်တက်အတွက် လွယ်ကူတဲ့ ပွဲမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဖူလ်ဟမ်ကလည်း ကောင်တာမှာ အန္တရာယ်ကြီးတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ရဲ့ အသင်းက လွတ်လပ်စွာ တိုက်စစ်ကစားနေတာဖြစ်လို့ ဒီပွဲကို နိုင်သွားမှာပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဖူလ်ဟမ် ဖြစ်ပါတယ်။