ဒိုင် ကို စောဒက တက်တာကလွဲပြီး ခြေစွမ်းလည်း မပြ၊ ဘာမှလည်း မလုပ်တတ်တော့တဲ့ ဘရူနိုဖာနန်ဒက်စ်

ညက ဖူလ်ဟမ်နဲ့ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို အပြင်းအထန် စောဒကတက်ခဲ့ပြီး အဲဒီအပြုအမူအပေါ် အသင်းပရိသတ်တွေက စိတ်ပျက်လက်ပျက်နဲ့ ဝေဖန်ခဲ့ကြပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းကစားရပေမဲ့ ဖူလ်ဟမ်ကို ကစားကွက်ပိုင်း အသာမရဘဲ ၆၅ မိနစ်မှာ ဖူလ်ဟမ်နောက်ခံလူ ဘာဆီရဲ့အဖွင့်ဂိုးကြောင့် ၁-၀ ဂိုးနဲ့နောက်ကလိုက်ကစားခဲ့ရပါတယ်။

၈၉ မိနစ်မှာ မက်ဂွိုင်းယားက ချေပဂိုးပြန်သွင်းပေမဲ့ ၉၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အီဝိုဘီက ဖူလ်ဟမ်အတွက် အဖိုးတန် အနိုင်ဂိုး သွင်းသွားခဲ့ပါတယ်။

အဲဒီပွဲမှာ မန်ယူ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းမပြနိုင်သလို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့ ပွဲချိန်အတွင်း ဆုံးဖြတ်ချက်တွေအပေါ် မကျေနမပ်ဖြစ်ပြီး ပွဲအပြီးမှာလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အခုနောက်ပိုင်းပွဲတွေမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ပုံမှန်စွမ်းဆောင်ရည်မရှိဘဲ ရုန်းကန်နေရပြီး နိုဝင်ဘာနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတဲ့အပြင် အခု ဖူလ်ဟမ်နဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက်မှာလည်း သွင်းဂိုး/ဂိုးဖန်တီးမှု မလုပ်နိုင်ခဲ့ပါဘူး။

မိုက်ကယ်အိုလီဗာကို စောဒကတက်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်အပေါ် ယူနိုက်တက်ပရိသတ်တွေက စိတ်ပျက်နေပြီး အွန်လိုင်းမှာ အခုလို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

” ဒီလိုပုံမျိုးနဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဘယ်လိုလုပ် ငါတို့အသင်းခေါင်းဆောင်ဖြစ်လာတာလဲကွာ . .”

“ဘရူနိုဖာနန်ဒက်စ်က ဘာကို မကျေနပ်လို့ ဒိုင်လူကြီးနဲ့သွားငြင်းနေတာလဲ . .”

“အခုလို အသည်းအသန် ငြင်းနေမဲ့အစား သူ့ခြေစွမ်းကိုသာ ဒီလောက်အထိ အားစိုက်ထုတ်မယ်ဆိုရင် ယူနိုက်တက်တို့ ဇယားထိပ်ဆုံးရောက်နေလောက်ပြီ ” စသဖြင့် အသီးသီး ရေးသားခဲ့ပါတယ်။

အခုပွဲမတိုင်ခင် ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၇ ပွဲကစား၊ ၆ ပွဲနိုင်၊ ၁ ပွဲသာသရေကျခဲ့သလို ၅ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းက ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ရပ်တန့်သွားခဲ့ပါပြီ။

ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား ကတော့ ၂၀၀၃ အောက်တိုဘာလနောက်ပိုင်း ၂၁ နှစ်အကြာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲရယူခဲ့တဲ့ ပထမဆုံးဖူလ်ဟမ်နည်းပြဖြစ်လာသလို ဖူလ်ဟမ်အသင်းကလည်း ၂၀၀၉ နောက်ပိုင်း ပြိုင်ပွဲစုံ၊ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးအနိုင်ပြန်ရခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ဖူလ်ဟမ်အသင်းဟာ ရာသီအဖွင့်ပွဲတုန်းက အဲဗာတန်ကို ၁-၀ ဂိုးနဲ့အနိုင်ရပြီးနောက်ပိုင်း ၆ လကျော်အကြာမှ ဒုတိယမြောက် ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲရရှိခဲ့ပါတယ်။