တူချယ် မခေါ်ခိုင်းဘဲ ချဲလ်ဆီး တာဝန်ရှိသူတွေ စေတနာပိုပြီး ခေါ်ပေးခဲ့တဲ့ ဆာအူးလ်
ချဲလ်ဆီးအသင်း နည်းပြ တူချယ်က အသင်းတာဝန်ရှိသူတွေထံ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူးလ်ကို ခေါ်ယူဖို့ မတောင်းဆိုခဲ့ဘူးလို့ ဆိုလိုက်ကြောင်း စပိန် သတင်းတွေမှာ ဖော်ပြထားပါတယ်။
စပိန်သားဟာ ချဲလ်ဆီးအသင်းကို နွေရာသီအပြောင်းအရွှေ့တုန်းက အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆာအူးလ်ဟာ ချဲလ်ဆီးကိုပြောင်းလာပြီးကတည်းက ဒီရာသီ ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။
စပိန်သတင်းဌာနတစ်ခုကတော့ တူချယ်ဟာ ချဲလ်ဆီးအသင်းထံ ဆာအူးလ်ကိုခေါ်ယူပေးဖို့ မတောင်းဆိုခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းဌာနတစ်ခုကလည်း ချဲလ်ဆီးဟာ ဆာအူးလ်ကို လာမယ့်နွေရာသီမှာ ပေါင် ၃၄ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ဆာအူးလ်ဘက်က တူချယ်ရဲ့ ချဲလ်ဆီးအသင်းကွင်းလယ်မှာ ပုံမှန်နေရာရဖို့ အလိုရှိနေပေမယ့် ဘာကလေ နဲ့ လော့ဖ်တပ်ချိတို့ ခြေစွမ်းပြနေတာကြောင့် နေရာလုရဖို့များနေပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဆာအူးလ်ဟာ ဆောက်သမ်တန်အသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ချဲလ်ဆီးအတွက် မိနစ် ၉၀ ပြည့် ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ တူချယ်က ဆာအူးလ်ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကောင်းတွေ များနေတဲ့ ချဲလ်ဆီးက စပိန်သားကို အပြီးခေါ်ယူဖွယ်တော့ မရှိပါဘူး။

ZG
ခ်ဲလ္ဆီးအသင္း နည္းျပ တူခ်ယ္က အသင္းတာဝန္ရွိသူေတြထံ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ဆာအူးလ္ကို ေခၚယူဖို႔ မေတာင္းဆိုခဲ့ဘူးလို႔ ဆိုလိုက္ေၾကာင္း စပိန္ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
စပိန္သားဟာ ခ်ဲလ္ဆီးအသင္းကို ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အငွားစာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဆာအူးလ္ဟာ ခ်ဲလ္ဆီးကိုေျပာင္းလာၿပီးကတည္းက ဒီရာသီ ၅ ပြဲသာ ပါဝင္ကစားခြင့္ရရွိထားခဲ့ပါတယ္။
စပိန္သတင္းဌာနတစ္ခုကေတာ့ တူခ်ယ္ဟာ ခ်ဲလ္ဆီးအသင္းထံ ဆာအူးလ္ကိုေခၚယူေပးဖို႔ မေတာင္းဆိုခဲ့ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ ေနာက္ထပ္သတင္းဌာနတစ္ခုကလည္း ခ်ဲလ္ဆီးဟာ ဆာအူးလ္ကို လာမယ့္ေႏြရာသီမွာ ေပါင္ ၃၄ သန္းနဲ႔ အၿပီးသတ္ေခၚယူမွာမဟုတ္ဘူးလို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။
ဆာအူးလ္ဘက္က တူခ်ယ္ရဲ႕ ခ်ဲလ္ဆီးအသင္းကြင္းလယ္မွာ ပုံမွန္ေနရာရဖို႔ အလိုရွိေနေပမယ့္ ဘာကေလ နဲ႔ ေလာ့ဖ္တပ္ခ်ိတို႔ ေျခစြမ္းျပေနတာေၾကာင့္ ေနရာလုရဖို႔မ်ားေနပါတယ္။
ၿပီးခဲ့တဲ့လတုန္းက ဆာအူးလ္ဟာ ေဆာက္သမ္တန္အသင္းနဲ႔ ကာရာေဘာင္ဖလားပြဲမွာ ခ်ဲလ္ဆီးအတြက္ မိနစ္ ၉၀ ျပည့္ ပါဝင္ ကစားခြင့္ ရရွိခဲ့ပါတယ္။ ပြဲအၿပီးမွာ တူခ်ယ္က ဆာအူးလ္ရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္မိတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ေကာင္းေတြ မ်ားေနတဲ့ ခ်ဲလ္ဆီးက စပိန္သားကို အျပီးေခၚယူဖြယ္ေတာ့ မရွိပါဘူး။