လာမယ့် ၅ နှစ် အတွင်း မန်ယူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်နိုင်တဲ့ နည်းပြ ရှိရင် ခေါ်ထုတ်ခဲ့ဖို့ ပေါမာဆန် စိန်ခေါ်
ပြီးခဲ့တဲ့ စနေနေ့က အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ် ရှုံးပွဲ ပြီးတဲ့နောက် ဒီအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ နီးတောင် မနီးစပ်ဘူးလို့ ဝါရင့် သုံးသပ်သူ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် ပေါမာဆန်က ဒီ ၅ နှစ် အတွင်း မန်ယူ ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်နိုင်တဲ့ နည်းပြ ရှိရင် သူကောင်းပြု ဂုဏ်ပြုသင့်တယ်လို့ပါ ဆိုလိုက်ပါတယ်။

“ ယူနိုက်တက်က မန်စီးတီးနဲ့ အရမ်းကို အဆင့်ကွာခြားနေပါတယ်။ အခုမြင်နေရတဲ့ ယူနိုက်တက်ဟာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အင်္ဂလန်အသင်းလိုပါပဲ။
အရင် ၁၀ နှစ်လောက် တုန်းကလည်း အင်္ဂလန်အသင်းဟာ ကျနော်တို့ တစ်သက်မှာ ဖလားရပါဦးမလားလို့ ပြောခဲ့ရတာပဲလေ။
လာမယ့် ၅ နှစ်အတွင်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်ဆိုရင် အဲ့လိုလုပ်ပေးနိုင်တဲ့ ဘယ်မန်နေဂျာကိုမဆို သူရဲကောင်းဘွဲ့သာ ပေးလိုက်ကြပါ။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလားကို အချိန်တို အတွင်း ရမယ် မမြင်ပါဘူး ” လို့ ပေါမာဆန်က ဝေဖန်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ်ဖြစ်တဲ့ ဆာ ဂျင် ရက်ကလစ်ကတော့ လာမယ့် ၃ နှစ်အတွင်း အဓိက ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်စေရမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမယ့် နည်းပြတန်ဟက်နဲ့တော့ ဖြစ်လာနိုင်ဖို့ ခက်ခဲမှာပဲ ဖြစ်ပါတယ်။