ဖောရက်စ်ကို အဝေးကွင်းသွားကန်မယ့် မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ဘယ်လို ဖြစ်မလဲ ခရစ်ဆက်တန် သုံးသပ် ဟောကိန်းထုတ်

မန်ချက်စတာ ယူနိုက်တက်က ဒီကြားရက်မှာ အက်ဖ်အေဖလား ပွဲ ကစားဖို့ ရှိနေပြီး နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲက လာမယ့် ကြာသပတေးနေ့ နံနက် မြန်မာစံတော်ချိန် ၂း၁၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က ဖောရက်စ် – မန်ချျက်စတာ ယူနိုက်တက် ပွဲ ဘယ်လိုဖြစ်မလဲ ဆိုတာ သုံးသပ် ခန့်မှန်းလာပါတယ်။

ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်

ယူနိုက်တက်ကို ခန့်မှန်းရတာကလည်း ချယ်ဆီးလို ဖြစ်လာနေပြီ၊ မှန်းသမျှ မမှန်ဘူးဖြစ်နေတယ်။ တကယ်ပြောရရင် အဲရစ်တန်ဟက်ထံက ဘယ်လိုအသင်းမျိုး မြင်ရမလဲကို မသိတော့ဘူး။ သူတို့ နိုင်ပွဲတွေ ဆက်နေတာတောင် ပွဲတွေကို မထိန်းချုပ်နိုင်ဘူး။

ဒီဇင်ဘာအကုန်တုန်းက အိမ်ကွင်းမှာပဲ ဖောရက်စ်က ယူနိုက်တက်ကို အနိုင်ယူခဲ့တယ်။ အဲ့နောက်ပိုင်း သူတို့ရဲ့ ပရီးမီးယားလိဂ် ရလဒ်တွေ သိပ်မကောင်းပါဘူး။

ဟွိုင်လန်း မပါနိုင်ချိန်မှာ ယူနိုက်တက်က ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တယ်။ ယူနိုက်တက်က ကောင်တာတွေ ကောင်းပေမယ့် အဆုံးသတ်ဖို့ လူလိုနေပါတယ်။ ဟွိုင်လန်း မပါနိုင်တာ ကြီးမားတဲ့ နစ်နာမှုပါ။

ဒီတစ်ကျော့ တွေ့ဆုံမှုက အကြိတ်အနယ် ရှိမှာပါ။ ယူနိုက်တက်က အနည်းငယ် အသားစီး ယူသွားနိုင်မယ် ထင်မိတယ်။ ဖောရက်စ်နိုင်သွားတာလည်း ဖြစ်နိုင်ပေမယ့် ဘာလို့လဲမသိဘူး ယူနိုက်တက်နိုင်မယ်လို့ပဲ တွေးနေမိတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

ပုံမှန် ပွဲချိန် အတွင်း ၁-၁ သရေကျ၊ အချိန်ပိုဆက်ကန်ပြီးနောက် ပင်နယ်တီမှာ ယူနိုက်တက် နိုင်မယ်။