အန်တိုနီ အတွက် အရှုံးခံတော့မယ့် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်တဲ့ မန်ယူ ပူးတွဲပိုင်ရှင် ရက်ကလစ်
မန်ချက်စတာ ယူနိုက်တက် က ပေါင် ၈၆ သန်းနဲ့ ဝယ်ခဲ့တဲ့ တောင်ပံတိုက်စစ်သမား အန်တိုနီ ကို အသင်းမှာ ဆက် အခွင့်အရေး ပေးဖို့ မလိုလားတော့တာကြောင့် လျှော့ဈေးဖြင့် ရောင်းချရန် စီစဉ်လာပါတယ်။
ဒါကြောင့် အန်တိုနီဟာ ယူနိုက်တက်ကစားသမားဘဝကယ်တင်ရေး အစွမ်းကုန် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာ အန်တိုနီကို ယူနိုက်တက်သမိုင်းတွင် ဒုတိယပြောင်းရွှေ့ကြေးအမြင့်မားဆုံးဈေးနှုန်းဖြင့် ခေါ်ဆောင်ခဲ့တာပါ။
ဒါပေမဲ့ အသက် ၂၄ နှစ်ရှိ ဘရာဇီးတောင်ပံကစားသမားဟာ ယူနိုက်တက်တွင် ကစားတဲ့ လ ၂၀ အတွင် မှာ ကွင်းတွင်း ဆက်တိုက် ခြေစွမ်းပြနိုင်ခြင်း မရှိသလို ကွင်းပြင်မှ လူမှုရေး ပပြဿနာလည်း ကြုံနေရပါတယ်။
ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ အန်တိုနီအပေါ် စိတ်မရှည်တော့ဘဲ လာမယ့် နွေရာသီတွင် လျှော့ဈေးဖြင့် ရောင်းချရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
အန်တိုနီ ဟာ စက်တင်ဘာလတုန်းက အိမ်တွင်းအကြမ်းဖက်မှုပြဿနာရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာလတွင် ပြန်ကစားနိုင်ခဲ့ပေမဲ့ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀ တွင် ဂိုးသွင်းနိုင်ခြင်း မရှိသလို ဖန်တီးနိုင်ခြင်းလည်း မရှိပါဘူး။
အဲရစ်တန်ဟက်ဟာလည်း ဖူလ်ဟမ်ကို ရှုံးနိမ့်တဲ့ပွဲတွင် အန်တိုနီကို ကျော်ကာ အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်ကစားသမားအိုမာရီဖော်ဆင်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး အနာဂတ် အစီအစဉ်ကို ပြသလာပြီး ဖြစ်ပါတယ်။