ဒီဂျောင်၊ အူဘာမီးယန်း၊ အာတီတာ ကာလရှည် ပစ်မှတ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် အသင်းက လာမယ့် ဇန်နဝါရီလမှာ အာဖရိက ဖလားအတွက် အသင်းက ကစားသမားတွေ ဖြစ်တဲ့ သောမတ်စ် ပါတေး နဲ့ အယ်နီနီ ကို လက်လွှတ်ရမှာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ရှာခါ လည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် လာမယ့် ဒီဇင်ဘာ အပြောင်းအရွှေ့မှာ ရီနာတို ဆန်းချက်စ်ကို အငှားဖြစ်ဖြစ် အပြီးသတ် ဖြစ်ဖြစ် အရ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဖရန့် ဒီဂျောင်း ကတော့ မာစ်အိုဗာမတ် လမ်းစဉ် ဖြစ်တဲ့ အေးဂျက်-အာဆင်နယ်-ဘာစီလိုနာ လမ်းစဉ်ကို သဘော ကျခဲ့ကြောင်း၊ အာဆင်နယ်အသင်းက အင်မတန် လှပတဲ့ ကစားဟန် ပိုင်ဆိုင်ထားကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ၎င်းကို လက်ရှိမှာ ယူရို ၈၁ သန်း ဈေးသတ်မှတ်ထားပါတယ်။
လီဗာပူးအသင်း နည်းပြ ယာဂင် ကလော့ကတော့ အာဆင်နယ် နဲ့ရင်ဆိုင်ဖို့အတွက် အသင်းက ကစားသမားတွေ ဖြစ်တဲ့ ရော်ဘတ်ဆင်၊ ဟန်ဒါဆင် နဲ့ အိုရီဂီကြောင့် ခေါင်းခဲစရာဖြစ်နေပါတယ်။ ဒီကစားသမားတွေက နိူင်ငံပွဲ တွေမှာ ဒဏ်ရာ ရရှိလာခဲ့တာဖြစ်တာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိူင်ဖွယ် မရှိ ဖြစ်နေပါတယ်။

ဘင်နီတက်ဇ် ကတော့ အာဆင်နယ် အသင်းက အငှားခေါ်ယူထားတဲ့ နိူလ်းကို ရအောင် ခေါ်ယူနိူင်ခဲ့ခြင်း မရှိရင်တော့ ချမ်ဘာကို ပေါင် ၅ သန်းနဲ့ခေါ်ယူ ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်းနဲ့ မန်စီးတီး အသင်းတို့က အေးဂျက် ကြယ်ပွင့် ဖြစ်တဲ့ နိူဆေဲလ် မာဇရာဝီ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mail က ဆိုပါတယ်။ ဒီ မော်ရိုကို ကစားသမားက နောက်နွေမှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ကြောင့်သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိူင်မှာလည်းဖြစ်ပါတယ်။ အေးဂျက်အတွက် ၁၂ ပွဲမှာ ၃ ဂိုးသွင်းယူပေးတဲ့ကစားသမားလည်းဖြစ်ပါတယ်။
အိုဒီဂတ်ကတော့ ဟားလန်း ကို ပထမဆုံး တီဗီမှာ ကစားခဲ့တာ ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ပြီး သူတို့ ၂ ယောက်က U21 မှာ ဂျာမနီနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ ပထမဆုံး တွဲပြီး ကစားခွင့်ရသလို သူတို့ ၂ ဦးက ကွင်းထဲရော ကွင်းပြင်မှာပါ အင်မတန် ခင်မင် ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်း အာဆင်နယ် တွစ်တာကနေ ဖြေကြားသွားခဲ့ပါတယ်။
အူဘာမီယန်း ကတော့ ဂါဘွန် အသင်းလေ့ကျင့်ခန်း ကနေထွက်ခွာခဲ့ပြီး အာဆင်နယ် အသင်းကို ပြန်လာနေပြီ ဖြစ်ပါတယ်။ သူက အီဂျစ် အသင်းနဲ့ပွဲကို ဒဏ်ရာကြောင့် လွှဲချော်ခဲ့ပြီး လီဗာပူးအသင်းနဲ့ ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ကလပ်ကို စောစော ပြန်တယ်လို့ဆိုပါတယ်။

အာတီတာကတော့ သူ နှစ်ရှည်လများစွာ ပစ်မှတ်ထားနေတဲ့ ကြယ်ပွင့် ကစားသမားကို ဘာစီလိုနာအသင်းထံ လက်လွှတ် လိုက်ရဖို့ နီးစပ်နေပါတယ်။
ဒီဆေလ်ဘတ် ကစားသမား ကို ပေါင် ၂၅ သန်း သတ်မှတ်ထားပြီး အသက် ၁၉ နှစ် သာ ရှိသေးတဲ့ ကာရင် အဒီယီမီ က ဒီရာသီမှာ ၂၂ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူတဲ့အထိ ခြေစွာနေသူလည်း ဖြစ်ပါတယ်။ ဒီကစားသမားကို အာဆင်နယ် အသင်းက စတင် ချိတ်ဆက်တာ ဖြစ်ပေမယ့် ခုချိန်မှာ ဘာစီလိုနာ၊ လီဗာပူး နဲ့ မန်စီးတီးတို့ပါ စိတ်ဝင်စားနေပါတယ်။