ချဲလ်ဆီး စေတနာပိုပြီး ခေါ်ပေးခဲ့တဲ့ ဆာအူးလ်

စပိန်သားဟာ ချဲလ်ဆီးအသင်းကို နွေရာသီအပြောင်းအရွှေ့တုန်းက အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆာအူးလ်ဟာ ချဲလ်ဆီးကိုပြောင်းလာပြီးကတည်းက ဒီရာသီ ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။ ချဲလ်ဆီးအသင်း နည်းပြ တူချယ်က အသင်းတာဝန်ရှိသူတွေထံ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူးလ်ကို ခေါ်ယူဖို့ မတောင်းဆိုခဲ့ဘူးလို့ ဆိုလိုက်ကြောင်း စပိန် သတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိန်သတင်းဌာနတစ်ခုကတော့ တူချယ်ဟာ ချဲလ်ဆီးအသင်းထံ ဆာအူးလ်ကိုခေါ်ယူပေးဖို့ မတောင်းဆိုခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းဌာနတစ်ခုကလည်း ချဲလ်ဆီးဟာ ဆာအူးလ်ကို လာမယ့်နွေရာသီမှာ ပေါင် ၃၄ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဆာအူးလ်ဘက်က တူချယ်ရဲ့ ချဲလ်ဆီးအသင်းကွင်းလယ်မှာ ပုံမှန်နေရာရဖို့ အလိုရှိနေပေမယ့် ဘာကလေ နဲ့ လော့ဖ်တပ်ချိတို့ ခြေစွမ်းပြနေတာကြောင့် နေရာလုရဖို့များနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဆာအူးလ်ဟာ ဆောက်သမ်တန်အသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ချဲလ်ဆီးအတွက် မိနစ် ၉၀ ပြည့် ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ တူချယ်က ဆာအူးလ်ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကောင်းတွေ များနေတဲ့ ချဲလ်ဆီးက စပိန်သားကို အပြီးခေါ်ယူဖွယ်တော့ မရှိပါဘူး။