ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် မန်ယူ – အဲဗာတန်ပွဲ အတွက် ကြိုတင် သုံးသပ် ဟောကိန်းထုတ်ချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
အဲဗာတန်အတွက်တော့ ယူနိုက်တက်ကို အချိန်ကောင်းမှာ ရင်ဆိုင်ကစားရဖို့ ဖြစ်လာတာပါပဲ။ ဒါပေမယ့် အဲဗာတန် ကလည်း ဒီတလော ပွဲတွေကို အနိုင်ယူနိုင်ခြင်း မရှိပါဘူး။
ပရီးမီးယားလိဂ်မှာ သူတို့ နိုင်ပွဲမရတာ ၁၀ ပွဲလောက် ရှိနေပါပြီ။ အဲ့ပွဲတွေအတွင်း ၁ ဂိုးထက် ပိုသွင်းတာလည်း ၁ ပွဲပဲ ရှိခဲ့ပါတယ်။
အဲဗာတန်ထံက ဂိုးခြိမ်းခြောက်မှုတွေ မမြင်တာကြောင့် ဒီပွဲ ယူနိုက်တက်ပဲ နိုင်သွားမယ် ထင်ပါတယ်။ ယူနိုက်တက်က clean sheet တွေရနေပြီး သက်သောင့်သက်သာ နိုင်တာမျိုး မရှိသလောက်ပါပဲ။ ဒါပေမယ့် အိုးထရတ်ဖိုဒ့်မှာ အဲဗာတန်ကိုတော့ သူတို့ နိုင်မှာပါ။
ဆာဂျင်ရက်ကလစ်တို့အတွက် မန်နေဂျာကောင်း၇ဖို့က ခက်ခဲပါတယ်။ တန်ဟက်ရဲ့ ရာထူးက အာမခံချက်မရှိဘဲ ဒီရာသီ အခြေအနေပေါ် မူတည်နေပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၂-ဝ အဲဗာတန်။