ဒီည မန်ယူ – အဲဗာတန် ပွဲက အိုးထရက်ဖို့ဒ်မှာ ဘယ်လို ရလဒ်ထွက်လာမလဲ ဘီဘီစီ မှ ဆက်တန် သုံးသပ် ဟောကိန်းထုတ်ချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အဲဗာတန်အသင်းအား ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီ စနေနေ့ ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
အဲဗာတန် ခြေစွမ်း ဆိုးဝါး နေတာ အတော်တောင် ကြာပါပြီ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က သူတို့ကို အပိုင် အနိုင်ရမယ်လို့ ကျွန်တော် မပြောရဲဘူး ဖြစ်နေတယ်။
ရှောင်ဒိုက်ရဲ့ အသင်းဟာ နိုဝင်ဘာလတုန်းက ဂွတ်ဒီဆင်ပါ့ခ်မှာ ယူနိုက်တက်နဲ့ တွေ့တုန်းက ၃-ဝ နဲ့ ရှုံးခဲ့ပေမယ့် ပွဲကောင်း ရင်ဆိုင်တွေ့ခဲ့တယ်။ အဲဒီတုန်းကထက်တော့ ဒီတခါ ရလဒ်က ကျဉ်းမြောင်းမှာပါ။
တကယ်တော့ ဒီပွဲ သရေ လို့ မှန်းဖို့ ကျွန်တော် စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ဘယ်လို ဖြစ်ဖြစ် နိုင်ပွဲရအောင် ရှာသွားနိုင်တယ် ဆိုတာ သိနေတော့ အဲဒီလိုပဲ ရွေးလိုက်ပါ့မယ်။
လူတော်တော်များများက ပြီးခဲ့တဲ့ ဆန်းဒေး မန်ချက်စတာ စီးတီးကို သူတို့ အချိန် အတော်ကြာ တောင့်ခံခဲ့လို့ ချီးကျူးကြပေမယ့် ကျွန်တော်ကတော့ အားရခြင်း မရှိပါဘူး။
ရက်ဖို့ဒ်ရဲ့ ယူနိုက်တက် အတွက် သွင်းခဲ့တဲ့ ဦးဆောင်ဂိုးက သိပ်လှပေမယ့် ပွဲက ဘက်တောင် မညီဘူး ဖြစ်နေတယ်။ သူတို့က စီးတီးနောက်မှာ အတော် ပြတ်ကျန်ခဲ့ပြီ။ နှစ်သင်းက ကမ္ဘာခြားသလို ဖြစ်နေတယ်။
ဒီပွဲကို ယူနိုကတက် နိုင်မလား၊ မနိုင်မလာ်း ဆိုတာက တိုက်စစ်မှုး ဟွိုင်လန်း ကြံ့ခိုင်မှု ပြန်ပြည့်နေပြီလား အပေါ်လည်း မူတည်နိုင်တယ်။ သူသာ တကယ် ပြန်ပါလာမယ့် ဆိုရင် ယူနိုက်တက် တိုက်စစ်က ထက်မြက်မှု ရှိမှာပါ။
သူ မပါရင် ဘယ်လိုလဲ ဆိုတာ အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို ယူနိုက်တက်တို့ ဘယ်လို ဖြစ်သွားခဲ့သလဲ ဆိုတာ တွေ့ခဲ့ကြမှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၁ အဲဗာတန် ဖြစ်ပါတယ်။