မန်ယူ ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး နစ္စတယ်ရွိုင်းရဲ့ စံချိန်ကိုတောင် ချိုးဖျက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်
မနေ့ညက အဲဗာတန်ကို နိုင်တဲ့ ပွဲ အပြီးမှာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတ ာယူနိုက်တက်သမိုင်းတွင် ပင်နယ်တီမှ တဆင့် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာပါတယ်။
အသက် ၂၉ နှစ်ရှိ ပေါ်တူဂီ ကွင်းလယ် ကစားသမားဟာ စနေနေ့ညတုန်းက အဲဗာတန်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူခဲ့ပါတယ်။

ပင်နယ်တီဧရိယာအတွင်းမှာ ဂါနာချိုကို ဂျိမ်းစ်တာကောစကီးက ပြစ်ဒဏ်ကျူးလွန်မှုမှ တဆင့် ရရှိတဲ့ ပင်နယ်တီကို ယူနိုက်တက်အသင်းခေါင်းဆောင်က အမှားအယွင်းမရှိ ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဖာနန်ဒက်စ်အတွက် ယင်းပင်နယ်တီဂိုးက ယူနိုက်တက်အတွက် ၂၉ ကြိမ်မြောက် ပင်နယ်တီဂိုးလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း ပင်နယ်တီ ၄ ကြိမ်တည်းသာ လွဲချော်ဖူးပြီး ၈၈.၉ ရာခိုင်နှုန်း ထိ အောင်မြင်စွာ သွင်းယူထားနိုင်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အတွက် ပင်နယ်တီ ၃၄ ကြိမ်ကန်ရာမှာ ၂၈ ဂိုးသွင်းယူပြီး ယူနိုက်တက်သမိုင်းတွင် ပင်နယ်တီမှ တဆင့် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေခဲ့တာပါ။
မနေ့ညကပွဲမှာ ယူနိုက်တက်ရဲ့ ဒုတိယဂိုးကိုလည်း မားကပ်စ်ရက်ဖို့ဒ်က ပင်နယ်တီမှ တဆင့် သွင်း သွင်းယူခဲ့တာပါ။ ယင်း ပင်နယ်တီမှာလည်း ဂါနာချိုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။