ခံစစ် အဓိက ပစ်မှတ် ကစားသမားကို ခေါ်ယူဖို့ မက်ဂွိုင်းယားနဲ့ ဗာရန်းကို ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ ခံစစ် ပစ်မှတ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့အတွက် ဟာရီ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကို ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။
ယူနိုက်တက် အလေးအနက်ထား ချိန်ရွယ်နေတာကတော့ အဲဗာတန် ဗဟိုခံစစ်ကစားသမား ဂျားရတ် ဘရန့်သ်ဝိတ် ဖြစ်ပါတယ်။

ဘရန့်သ်ဝိတ် အတွက် အဲဗာတန်က ပေါင် ၇၅ သန်းအနည်းဆုံး လိုချင်နေတာဖြစ်ပြီး လူငယ်နောက်ခံကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပါတယ်။
ဘရန့်သ်ဝိတ်ကို ခေါ်ယူချင်တဲ့အသင်းတွေ အများအပြား ရှိနေပြီး မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် ခံစစ်ကို အင်အားဖြည့်တင်းချင်နေတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတာဖြစ်ပါတယ်။
ဗာရန်းးက ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး မက်ဂွိုင်းယားကလည်း အနာဂတ် မရေမရာဖြစ်နေတာကြောင့် ဘရန့်သ်ဝိတ်က အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။