လီဗာပူး စီနီယာအသင်းသား ၈ဦးထိ မပါဝင်နိုင်ဘဲ အာဆင်နယ်ကို ရင်ဆိုင်ရမှာဖြစ်

လီဗာပူးလ် အသင်းဟာ ရော်ဘတ်ဆန်၊ဟန်ဒါဆန်၊မာနေးလ်နဲ့ မီလ်နာ တို့ ဟာ ဒီပွဲကိုပါဝင်ဖို့ သံသယဖြစ်ဖွယ်အနေအထားမှာ ရှိနေပြီး ဂျိုဂိုးမတ်ဇ်၊ ကာတစ်ဂျုံးစ်၊ ဖာမီနိုနဲ့ အီလီယော့တို့ ကတော့ ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ်အပြီး ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းဟာ ဒဏ်ရာပြသနာတွေနဲ့ ကြုံတွေ့နေရတာပါ။

ရော်ဘတ်ဆန်ဟာ စကော့တလန် က ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာပြသနာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း အသေးစားဒဏ်ရာကြောင့် ဆန်မာရီနို နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မာနေးကလည်း ဆီနီဂေါအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေချိန်အတွင်း စောစောစီးစီးလူစားလဲ ခံခဲ့ရပါတယ်။ မာနေး ဟာ ပွဲချိန်(၂၈)မိနစ်ထဲက လူစားလဲခံခဲ့ရတာဖြစ်ပြီး ကွန်ဂိုနဲ့ ကစားခဲ့တဲ့ ပွဲကို မပါဝင်နိုင်ခဲ့ပါဘူး။ ဆီနီဂေါ နည်းပြက မာနေးရဲ့ဒဏ်ရာဟာ မစိုးရမ်ရဘူးလို့ ပြောထားပါတယ်။

ကျန်တဲ့ ကစားသမားတွေကလည်း ဒီပွဲကို ပါဝင်ဖို့ မသေချာမရေမရာရှိနေတာပါ။ဖာမီနိုနဲ့ အီလီယော့တို့ ကတော့ ဒီပွဲကို သေချာပေါက်လွဲချော်မှာလည်းဖြစ်ပါတယ်။ ဖာမီနို ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဝက်စ်ဟမ်း ကို အရေးနိမ့်တဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။အီလီယော့ ကတော့ ကြံခိုင်မှုပြန်လည်ရရှိဖို့ အပေါ့စား လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ကာတစ်ဂျုံးစ် ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာလည်းဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်း အသင်းကို အရေးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲကိုကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက ချယ်လ်ဆီး အသင်းနဲ့ (၄)မှတ်အကွာ အဆင့်(၄)နေရာကို ရောက်ရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် ရလဒ်ကောင်းတွေရနေတဲ့ အာဆင်နယ် နဲ့ ကစားမယ့် ပွဲမှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ လီဗာပူးလ် အသင်း အနေနဲ့ ကြိုးစားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ZG

လီဗာပူးလ္ အသင္းဟာ ေရာ္ဘတ္ဆန္၊ ဟန္ဒါဆန္၊ မာေနးလ္နဲ႔ မီလ္နာ တို႔ ဟာ ဒီပြဲကိုပါဝင္ဖို႔ သံသယျဖစ္ဖြယ္အေနအထားမွာ ရွိေနၿပီး ဂ်ိဳဂိုးမတ္ဇ္၊ ကာတစ္ဂ်ဳံးစ္၊ ဖာမီႏိုနဲ႔ အီလီေယာ့တို႔ ကေတာ့ ဒီပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

ႏိုင္ငံတကာ ပြဲစဥ္အၿပီး ျပန္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္ အသင္းဟာ ဒဏ္ရာျပသနာေတြနဲ႔ ႀကဳံေတြ႕ေနရတာပါ။

ေရာ္ဘတ္ဆန္ဟာ စေကာ့တလန္ က ဒိန္းမတ္ကို အႏိုင္ရခဲ့တဲ့ ပြဲမွာ ဒဏ္ရာျပသနာႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလည္း အေသးစားဒဏ္ရာေၾကာင့္ ဆန္မာရီႏို နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

မာေနးကလည္း ဆီနီေဂါအတြက္ ကမာၻ႔ဖလားေျခစစ္ပြဲကစားေနခ်ိန္အတြင္း ေစာေစာစီးစီးလူစားလဲ ခံခဲ့ရပါတယ္။ မာေနး ဟာ ပြဲခ်ိန္(၂၈)မိနစ္ထဲက လူစားလဲခံခဲ့ရတာျဖစ္ၿပီး ကြန္ဂိုနဲ႔ ကစားခဲ့တဲ့ ပြဲကို မပါဝင္ႏိုင္ခဲ့ပါဘူး။ ဆီနီေဂါ နည္းျပက မာေနးရဲ႕ဒဏ္ရာဟာ မစိုးရမ္ရဘူးလို႔ ေျပာထားပါတယ္။

က်န္တဲ့ ကစားသမားေတြကလည္း ဒီပြဲကို ပါဝင္ဖို႔ မေသခ်ာမေရမရာရွိေနတာပါ။ဖာမီႏိုနဲ႔ အီလီေယာ့တို႔ ကေတာ့ ဒီပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာလည္းျဖစ္ပါတယ္။ ဖာမီႏို ဟာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ဝက္စ္ဟမ္း ကို အေရးနိမ့္တဲ့ ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။အီလီေယာ့ ကေတာ့ ႀကံခိုင္မႈျပန္လည္ရရွိဖို႔ အေပါ့စား ေလ့က်င့္မႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ကာတစ္ဂ်ဳံးစ္ ကေတာ့ ရက္သတၱပတ္အနည္းငယ္ၾကာ အနားယူရမွာလည္းျဖစ္ပါတယ္။လီဗာပူးလ္ အသင္းဟာ ႏိုင္ငံတကာပြဲစဥ္မတိုင္ခင္ ကစားခဲ့တဲ့ ပြဲမွာ ဝက္စ္ဟမ္း အသင္းကို အေရးနိမ့္ခဲ့ၿပီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ ရႈံးပြဲကိုႀကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီရႈံးပြဲေၾကာင့္ ထိပ္ဆုံးေနရာက ခ်ယ္လ္ဆီး အသင္းနဲ႔ (၄)မွတ္အကြာ အဆင့္(၄)ေနရာကို ေရာက္ရွိသြားခဲ့တာပါ။ အဲ့ဒါေၾကာင့္ ရလဒ္ေကာင္းေတြရေနတဲ့ အာဆင္နယ္ နဲ႔ ကစားမယ့္ ပြဲမွာ ႏိုင္ပြဲျပန္လည္ရယူႏိုင္ဖို႔ လီဗာပူးလ္ အသင္း အေနနဲ႔ ႀကိဳးစားဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။