အစစ်ဆေးခံနေရဆဲ အန်တိုနီ၊ အတ္တလန္တာ ကစားသမား တစ်ဦး ထပ်ချိန်ခြင်း၊ သောမတ်စ် ဖရန့်ခ် တုန့်ပြန်မှု၊ မောင့် ပြန်လာခြင်းနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
ဒဏ်ရာကြောင့် ၄ လကြာ အနားယူနေရတဲ့ မန်ယူအသင်း ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီရာသီအစကပဲ အတ္တလန်တာမှ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ခေါ်ယူခဲ့ပြီးနောက် လာမယ့်နွေမှာလည်း နောက်ထပ် အတ္တလန်တာ ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ အတ္တလန္တာ ကွင်းလယ်ကစားသမား အက်ဒါဆင်ကိုပါ ခေါ်ယူဖို့အတွက် အသင်းက ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ပြစ်ဒဏ်နဲ့ စွပ်စွဲခံထားရတဲ့ မန်ယူအသင်း တောင်ပံကစားသမား အန်တိုနီကို ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီ ကတော့ လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ခံရလိမ့်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် သူကိုယ်တိုင်ကတော့ ယူနိုက်တက် ကနေ ထွက်ခွာဖို့ လုံးဝကို ဆန္ဒမရှိဘူးလို့ သိရပါတယ်။
မန်ယူအသင်းနဲ့ သတင်းထွက်ပေါ်နေတဲ့ ဘရန်းဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်ကတော့ လက်ရှိ အသင်းမှာသာ ပျော်ရွှင်နေကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ကွင်းတွင်းပိုင်း ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်ဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်း ကစားသမားဟောင်း ဘော့ဘီ ပေါင်ဒါတစ်ယောက် အသက် ၄၀ အရွယ်မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။