လီဗာပူးကိုနိုင်ပြီး အက်ဖ်အေ ဆီမီးဖိုင်နယ် တက်သွားသည့် မန်ယူအသင်းကို ရွိုင်ကိန်း ချီးကျူး

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အက်ဖ်အေ ဖလားကွာတားဖိုင်နယ်မှာ လီဗာပူး အသင်းကို အနိုင်ယူခဲ့တာက မန်ယူအတွက် ယုံကြည်မှု တိုးပွားစေကြောင်း အသင်း ကစားသမားဟောင်း ရွိုင်ကိန်းက ပြောသွားပါတယ်။

မန်ယူအသင်းဟာ မတ် ၁၇ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးကို အချိန်ပိုအထိ ယှဉ်ပြိုင်ကာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။

လီဗာပူးနဲ့ တွေ့ချိန်မှာ သရေတမှတ်အတွက် ခံစစ်ပိတ်ကစားတတ်လို့ ဝေဖန်ခံခဲ့ရပေမဲ့ မနေ့ညကပွဲမှာတော့ အဲဒီလို မဟုတ်ခဲ့ ကြောင်း၊ နိုင်ပွဲဟာ အသင်းအတွက် ယုံကြည်မှု တိုးပွားစေပြီး ကြီးမားတဲ့အောင်ပွဲဖြစ်ကြောင်း ရွိုင်ကိန်းက သေချာ ချီးကျူးပါတယ်။

မန်ယူအသင်းဟာ ဆီမီးဖိုင်နယ် မဲခွဲမှုမှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းနဲ့ တွေ့ဆုံခဲ့ပြီး တဖက်မှာတော့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံခဲ့ပါတယ်။

[Zawgyi]

မေန႔ညက အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ အက္ဖ္ေအ ဖလားကြာတားဖိုင္နယ္မွာ လီဗာပူး အသင္းကို အႏိုင္ယူခဲ့တာက မန္ယူအတြက္ ယုံၾကည္မႈ တိုးပြားေစေၾကာင္း အသင္း ကစားသမားေဟာင္း ႐ြိဳင္ကိန္းက ေျပာသြားပါတယ္။

မန္ယူအသင္းဟာ မတ္ ၁၇ ရက္ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္မွာ လီဗာပူးကို အခ်ိန္ပိုအထိ ယွဥ္ၿပိဳင္ကာ ၄ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရၿပီး ဆီမီးဖိုင္နယ္တက္ခဲ့တာပါ။

လီဗာပူးနဲ႔ ေတြ႕ခ်ိန္မွာ သေရတမွတ္အတြက္ ခံစစ္ပိတ္ကစားတတ္လို႔ ေဝဖန္ခံခဲ့ရေပမဲ့ မေန႔ညကပြဲမွာေတာ့ အဲဒီလို မဟုတ္ခဲ့ ေၾကာင္း၊ ႏိုင္ပြဲဟာ အသင္းအတြက္ ယုံၾကည္မႈ တိုးပြားေစၿပီး ႀကီးမားတဲ့ေအာင္ပြဲျဖစ္ေၾကာင္း ႐ြိဳင္ကိန္းက ေသခ်ာ ခ်ီးက်ဴးပါတယ္။

မန္ယူအသင္းဟာ ဆီမီးဖိုင္နယ္ မဲခြဲမႈမွာ ခ်န္ပီယံရွစ္ကလပ္ ကိုဗင္ထရီအသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး တဖက္မွာေတာ့ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ ထိပ္တိုက္ ေတြ႕ဆုံခဲ့ပါတယ္။