ပြန်လာမယ့် မာတီနက်ဇ်၊ ဂရင်းဝုဒ် အနာဂတ်၊ ဆောက်ဂိတ်နဲ့ အခြေအနေ၊ သရဲနီ အမာခံ ပရိသတ် ပစ်မှတ်နဲ့ နောက်ဆုံးရ မန်ယူ ထူးခြား သတင်းများ

ဟယ်ရီ မက်ဂွိုင်းယားကတော့ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို လက်ရွေးစင်မှာပဲ ဆက်ရှိနေစေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ်တစ်ယောက် ဒဏ်ရာ ပြဿနာအချို့ကြောင့် အာဂျင်တီးနားနဲ့ ဆက်လက် ပူးပေါင်းမှာ မဟုတ်ပဲ အင်္ဂလန်ကို ပြန်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ကာဆီမီရိုရဲ့ နေရာကို အစားထိုးဖို့ ယခုကတည်းက ကြိုတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား မိုင်နူးရဲ့ ခြေစွမ်းက လက်ရွေးစင် အသင်းနဲ့ ထိုက်တန်တာကြောင့် ယခုလို ပြန်လည် ရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ငယ်ကတည်းက မန်ယူ အမာခံ ပရိသတ်ြစ်တဲ့ ဖူလ်ဟမ် နောက်ခံကစားသမား တိုဆင် အဒါရာဘီအိုယို ဟာ ရာသီကုန်ရင် အလွတ်နဲ့ အသင်းသစ် ပြောင်းမှာ ဖြစ်ပြီး ၎င်းကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲ မန်ချက်စတာ ယူနိုက်တက် ပါဝင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂီတာဖေး အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကစားသမားကို အငှားချလိုစိတ် မရှိပဲ ပေါင် ၃၄ သန်းနဲ့ အပြီးသတ် ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ စပိန်ကလပ်တွေ အနေနဲ့ ဒီကြေး မပေးနိုင်ရင် ကစားသမားရဲ့ အနာဂတ်က အိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ရှိနေနိုင်ခြေ များနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းနဲ့ သတင်းထွက်ပေါ်နေတဲ့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန် အသင်းကို နည်းပြနေစဉ် ကာလအတွင်း အခြားအသင်းတွေအကြောင်း စဉ်းစားနေမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။